Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ကလေးငယ်များနှင့်စိတ်ကျန်းမာရေးမကောင်းသူကိုပါ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေ

ဒီဇင်ဘာလဆန်းကတည်းက စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာနှင့် ရွှေဘိုမြို့နယ်သပွတ္တောကျေးရွာများမှ ဒေသခံများ ဒီပဲယင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။

မီးလောင်ပျက်စီးခဲ့သော ကျေးရွာများ၊ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များ
မီးလောင်ပျက်စီးခဲ့သော ကျေးရွာများ၊ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းသူနှင့် ကလေးသူငယ်များကိုပါ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြု စစ်ကြောင်းထိုးဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလဆန်းကတည်းက စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာနှင့် ရွှေဘိုမြို့နယ်သပွတ္တောကျေးရွာများမှ ဒေသခံများ ဒီပဲယင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။

အဆိုပါ စစ်ဘေးရှောင်များနှင့် စစ်ကောင်စီစစ်ကြောင်းတိုးကာ တာတိုင်ကျေးရွာမှ အသက်(၁၃)နှစ်အရွယ်၊ က​လေးငယ် နှစ်ဦးအပါအဝင် ၁၅ ဦး၊ သပွတ္တောကျေးရွာမှ ၁၁ဦး၊ မူးရိုးကုန်းကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ၂၇ ဦးထက်မနည်း ဖမ်းဆီးခံထား​ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ဖမ်းဆီးခံရသူများအား လူသားဒိုင်းပြုလုပ်ကာ စစ်ကြောင်းထိုးလျက်ရှိသည်။ ယနေ့ (ဒီဇင်ဘာ၆ ရက်)တွင် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း နများကျေးရွာသို့ ဒုတိယအကြိမ်ဝင်ရောက်ကာ ပြည်သူ့နေအိမ်များကို မီးရှို့နေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“(၁၃)နှစ်ကလေးရဲ့ အင်္ကျီလက်ရှည်ကိုချွတ်ပြီး တံတားမှာ ကြိုးအဖြစ်ပြန်ချည်ခဲ့လို့ လက်ရှည်လဲမပါ ဖိနပ်လဲမပါနဲ့ တော်တော်အေးနေရှာမှာ။ ဘေးကင်းကင်းနဲ့အမြန်ပြန်ရောက်နိုင်ကြဖို့ဆုတောင်းနေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ ရက်မှ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ကျေးရွာ (၉)ရွာအထိ မီးရှို့ဖျက်ဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။