Connect with us

Hi, what are you looking for?

သတင်း

ကမာရွတ်မြို့နယ် စာရင်းစစ်ရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်

FLA အဖွဲ့သည် ယမန်နေ့ကလည်း အထက်ပါမဟာမိတ်အဖွဲ့များနှင့်အတူ တာမွေမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်တစ်ခုကို လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့သည်။

(ကမာရွတ်မြို့နယ်၊ လှည်းတန်းစျေးအနီး အာဏာသိမ်း စစ်ကောင်စီတပ်များ​၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကိုညီညီ သေဆုံးခဲ့သည့်နေရာတွင် ၂၀၂၁ မတ်လ၂၆ရက်က တွေ့ရသော စစ်ကောင်စီလက်ပါးစေ ရဲများ၊ ဓာတ်ပုံ - CJ)
(ကမာရွတ်မြို့နယ်၊ လှည်းတန်းစျေးအနီး အာဏာသိမ်း စစ်ကောင်စီတပ်များ​၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကိုညီညီ သေဆုံးခဲ့သည့်နေရာတွင် ၂၀၂၁ မတ်လ၂၆ရက်က တွေ့ရသော စစ်ကောင်စီလက်ပါးစေ ရဲများ၊ ဓာတ်ပုံ - CJ)

အကြမ်းဖက်‌စစ်‌ကောင်စီ လက်အောက်ခံ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် စာရင်းစစ်ရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနေ့ အဲဒီတစ်ဝိုက် လမ်းကြပ်တာရှယ်ပဲ။ လမ်းကြပ်တဲ့ကြားထဲကနေ ရအောင်ကခဲ့တယ်။ထောက်တိုင်ဖြိုတာ။ စစ်တပ်လက်အောက်ခံရင် သူတို့ရွေးချယ်မှုပါပဲ “ဟု ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို‌ ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၁ နာရီခန့်တွင် Freeland Attack Force (FLA)နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA) နှင့် Revolution of 21 Century အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်အဖွဲ့သားများအားလုံးဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

Public Service Announcement
Public Service Announcement

ယင်းတိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီ အင်အားအများအပြား ယင်းနေရာအနီးအနား၌ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ လာစစ်တဲ့အချိန်နဲ့ လုပ်ပီးချိန် ၁၀မိနစ်လောက်ပဲကွာတယ် အများဆုံး။နည်းတဲ့အားတော့မဟုတ်ဘူး။ထပ်လာတာရှိတယ်ပြောပေမဲ့ အတည်မပြုနိုင်ဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီဝင်များရှိသည့်နေရာများ ၊ အစိုးရအဆောက်အဦးများနှင့် ထောက်တောင်များနှင့် တတ်နိုင်သမျှရှောင်ရှားသွားရန် FLA က တိုက်တွန်းထားသည်။

FLA အဖွဲ့သည် ယမန်နေ့ကလည်း အထက်ပါမဟာမိတ်အဖွဲ့များနှင့်အတူ တာမွေမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်တစ်ခုကို လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။