Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံဒေသရှိ စစ်ဘေးရှောင်များခိုလှုံရာကျေးရွာများအတွင် စစ်ကောင်စီ တိုက်လေယာဥ်ပျံဝဲနေ၍ ပြည်သူများသတိစွာနေထိုင်ရန် မိုးဗြဲ PDF သတိပေး

ယနေ့(ဒီဇင်ဘာ ၂၃ ရက်)နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီလေတပ်မှ တိုက်လေယဥ်တစ်စင်းပျံဝဲနေသည်ကို တွေ့ရှိရခြင်းဟု ဆိုသည်။

(ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်များမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KRC)
(ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်များမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KRC)

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အနောက်ခြမ်းဒေသရှိ စစ်ဘေးရှောင်များခိုလှုံရာကျေးရွာများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဥ် ပျံဝဲနေ၍ ပြည်သူများသတိစွာနေထိုင်ရန် မိုးဗြဲ PDFက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၃ ရက်)နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီလေတပ်မှ တိုက်လေယဥ်တစ်စင်းပျံဝဲနေသည်ကို တွေ့ရှိရခြင်းဟု ဆိုသည်။

“တိုက်ပွဲမရှိဘဲနဲ့ကို ပျံနေတာ။ စစ်ဘေးရှောင်တွေ အတွက်ဘအထူးစိုးရိမ်တယ်။ဒါကြောင့် ကြိုတင်ပြင်ဆင်နိုင်အောင် အသိပေးတာ”ဟု မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဒီဇင်ဘာ ၂၀ ရက် နှင့် ၂၁ ရက်တို့တွင်လည်း ဖယ်ခုံ မြို့အနောက်ဘက်ခြမ်းသို့ ဦးတည်ပျံဝဲ မှုရှိခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်ပြည်သူ သုံးထောင်ထက်မနည်းရှိကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများက ယခုနှစ် နှစ်လယ်ပိုင်းက ပြောကြားထားသည်။

လက်ရှိ ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလများအတွင်း စစ်ကောင်စီတပ်မှ ယုတ်မာရက် စက်သည့် အကြံအစည်များလုပ်ဆောင်လာနိုင်သောကြောင့် လူစုလူဝေးများပြုလုပ်ခြင်းမျိုး အထူးရှောင်ကျဥ်ရန်နှင့် မလိုအပ်သော လူစုလူဝေးပြုလုပ်ခြင်းမျိုးမပြုလုပ်ကြရန် မိုးဗြဲ PDFက အထူးတိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။