Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းစိုက်ပျိူးရေးရုံးအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းမြို့၊ ပန်းတဲရပ်ကွက်ရှိ စိုက်ပျိုးရေးရုံး Royal Phoenix Guerilla Force-RPGFက ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းမြို့တွင်းတစ်နေရာ၊ ဓာတ်ပုံ-Cj
စစ်ကိုင်းမြို့တွင်းတစ်နေရာ၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ စိုက်ပျိုးရေးရုံးအား လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအချို့ ထိခိုက်သူများရှိကြောင်း Royal Phoenix Guerilla Force အဖွဲ့ က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့၊ ပန်းတဲရပ်ကွက်ရှိ စိုက်ပျိုးရေးရုံး Royal Phoenix Guerilla Force-RPGFက ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လျက်ဆားပုလင်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် ဒု-ဦးစီးမှူး သုံးဦး၊ လက်ထောက်ဦးစီးမှူး၊ အငယ်တန်းစာရေး အပါအဝင် စုစုပေါင်း ၉ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“စစ်ကိုင်းခရိုင် ထွေအုပ်ရုံးအစည်းအဝေးများကို ခရိုင်စိုက်ပျိုးရေးရုံးဝင်းထဲမှာ ပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသူများကို တော်လှန်ရေးအား အနှောင့်အယှက်ပြုသူများအဖြစ် သက်မှတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Royal Phoenix Guerilla Force-RPGF က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။