Connect with us

Hi, what are you looking for?

သတင်း

(၉)မိုင် အကျဉ်းထောင်ဦးစီးမှူးကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီးရမိ

အဆိုပါ ဖမ်းဆီးမှုတွင် ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ (PRDF) ၊ ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PPDF)နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ (PSGF)တို့ ပူးပေါင်းပါဝင်ခဲ့သည်။

(PRDFနှင့် မဟာမိတ်တပ်ပေါင်းစုမှ ဖမ်းမိခဲ့သည့် (၉)မိုင်ရွာ အကျဥ်ထောင်ဦးစီးမှူးအား တွေ့ရစဉ်)
(PRDFနှင့် မဟာမိတ်တပ်ပေါင်းစုမှ ဖမ်းမိခဲ့သည့် (၉)မိုင်ရွာ အကျဥ်ထောင်ဦးစီးမှူးအား တွေ့ရစဉ်)

ကော့သောင်းခရိုင်၊(၉)မိုင် အကျဉ်းထောင်ဦးစီးမှူးကို ဖမ်းဆီးရမိကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်)က ခရီးသွားပြည်သူယာဉ်ဖြင့် လိုက်ပါလာသည့် အကျဥ်းထောင်ဦးစီးမှူးအား ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) နှင့် မဟာမိတ်တပ်ပေါင်းစုများမှ ဖမ်းဆီးရမိခဲ့ခြင်းဟု ဆိုသည်။

“မနေ့က နေ့လည် ၁နာရီကျော်လောက်မှာ စစ်ရင်းနဲ့မိတာ။ကျန်တာတွေကတော့ လောလောဆယ် စစ်ဆေးနေဆဲပါပဲ”ဟု PRDF တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

ဖမ်းဆီးထားသော အကျဥ်းထောင်ဦးစီးမှူးထံမှ ကျပ် ၁၇သိန်းနှင့် ဖုန်းတစ်လုံး သိမ်းဆည်းရရှိထားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖမ်းဆီးမှုတွင် ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ (PRDF) ၊ ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PPDF)နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ (PSGF)တို့ ပူးပေါင်းပါဝင်ခဲ့သည်။

ယခုလက်ရှိတွင် အကျဥ်းထောင်ဦးစီးမှူးကို PRDF မှ ဆက်လက်ထိန်းသိမ်းထားကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။