Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် ဖြန့်ဖြူးရောင်းချသူများကို PRDFဖမ်းဆီး

မူးယစ်ဆေးဝါးများ နှိမ်နှင်းမှုတွင် ဖြန့်ဖြူးရောင်းချနေသော အသက် (၄၅)နှစ်အရွယ်​ရှိ ဦးဖိုးထောင် ဆိုသူနှင့် အသက်( ၅၃ )နှစ်အရွယ်ရှိ ဦးကုလားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးသည်။

(သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ၊ ဓာတ်ပုံ - PRDF)
(သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ၊ ဓာတ်ပုံ - PRDF)

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် ဖြန့်ဖြူးရောင်းချသူများကို ဖမ်းဆီးရမိခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)က ယနေ့(ဒီဇင်ဘာ ၁၉ ရက်) ထုတ်ပြန်သည်။

မူးယစ်ဆေးဝါး ပပျောက်စေရန်အတွက် လက္ကူးကျေးရွာရှိ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများကို ဒီဇင်ဘာ ၁၇ရက် ညပိုင်တွင်စတင်ဖမ်းဆီးမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဒေသတွင်းမှာ မူးယစ်ဆေးနဲ့ ပတ်သက် လို့က မသုံးဖို့၊မရောင်းဖို့ အကြိမ်ကြိမ် သတိပေးထားပြီးသား ဖြစ်တယ်။အခု ဖမ်းတဲ့ကိစ္စမှာလည်း သတိပေးထားပြီးသား။မူးယစ်ဆေးဝါးကတော့ ဘယ်လိုမှ လက်ခံလို့မရဘူး”ဟု PRDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

မူးယစ်ဆေးဝါးများ နှိမ်နှင်းမှုတွင် ဖြန့်ဖြူးရောင်းချနေသော အသက် (၄၅)နှစ်အရွယ်​ရှိ ဦးဖိုးထောင် ဆိုသူနှင့် အသက်( ၅၃ )နှစ်အရွယ်ရှိ ဦးကုလားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ ၎င်းတို့ထံမှ WY- (၆၀၁)လုံး၊ ဘိန်းစာမုန့် (၄၆) ထုပ်၊ ကျပ် ၂သိန်းကျော် ၊ ဆိုင်ကယ် တစ်စီး နှင့် ဖုန်းသုံးလုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။

၎င်းတို့ နှစ်ဦးကို အခြေနေအရ ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ကျန်ရှိသော မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေသော သူများကိုလည်း သတိပေးတားမြစ်ခဲ့ကြောင်း PRDF က ဆိုသည်။

ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများကို မီးရှိူ့ဖျက်ဆီးခဲ့ပြီး၊ ကျန်ရှိသည့် သိမ်းဆည်းပစ္စည်းများကို တော်လှန်ရေးအတွက် လိုအပ်သောနေရာများတွင် အသုံးပြုသွားမည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။