Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက် များနှင့်အတူ ချင်းတပ်ဖွဲ့ထံ ခိုလှုံလာ

ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်နှစ်လက် နှင့်အတူ ထွက်ပြေးခိုလှုံလာခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။

(CDF ထန်တလန် ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CDF ထန်တလန်)
(CDF ထန်တလန် ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CDF ထန်တလန်)

ချင်းပြည်နယ် ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦးလက်နက်နှင့်အတူ ချင်းတပ်ဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်(CDF)ထံသို့ ခိုလှုံလာကြောင်း The Chin Journalက ဖော်ပြသည်။

ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်နှစ်လက် နှင့်အတူ ထွက်ပြေးခိုလှုံလာခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။

“ထန်တလန်မြို့တွင်း CDFနဲ့ CNAတပ်ဖွဲ့ဝင်များ အခြေချတဲ့ နေရာကို ထွက်ပြေးလာကြတာပါ။သေနတ် နှစ်လက်နဲ့ ကျည်ဆံတွေ ပါလာကြတယ်”ဟု မြေပြင်သတင်းရင်းမြစ်က ပြောကြားကြောင်း ဖော်ပြထားကာ ထွက်ပြေးလာသူများကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး CNAပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ယနေ့နံနက် ဆက်သွယ် မေးမြန်းရာ ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ မရသေးဟု ဖြေကြားသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်မှ ထွက်ပြေးကာ ဒေသခံချင်းတပ်ဖွဲ့များထံ အလင်းဝင်လာသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

တီးတိန်၊ ဟားခါး၊ ထန်တလန်၊ ပလက်၀နှင့် မင်းတပ် စသည့်ဒေသရှိ ချင်းတပ်ဖွဲ့များထံသို့ သက်ဆိုင်ရာဒေသရှိ စစ်သားနှင့် ရဲများခိုလှုံလာခြင်းဖြစ်ပြီး လက်နက်ပါသူများ ရှိသကဲ့သို့ လက်နက်မဲ့ အလင်းဝင် လာသူများလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။