Connect with us

Hi, what are you looking for?

သတင်း

KNLA တပ်မဟာ(၅)တိုက်ခိုက်မှုများကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး

ညနေပိုင်း၌ လူသောမြို့နယ် ကူဒေးဒေသ တွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

KNU မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန် သည်။

ဒီဇင်ဘာ ၂၃ရက်မှ ၂၅ရက်အတွင်း ဖာပွန်ခရိုင်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၄ရက် နံနက်က လူသောမြို့နယ်ရှိ စစ်ကောင်စီ၏ ထော့မူပလယ်မဲ တပ်စခန်းအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့ နံနက်၌ပင် ဘူးသိုမြို့နယ် လယ်တိုးတပ်စခန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၃ရက်ကလည်း ကတိုင်တိမှ ကမမောင်းသို့ ပြန်ဆင်းလာသည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များကို ဝါသိုးခိုဒေသ၌ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားပြီး ယင်းဖြစ်စဉ်၌ BGF တပ်များ ထိခိုက်မှုကို မသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ညနေပိုင်း၌ လူသောမြို့နယ် ကူဒေးဒေသ တွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၅ရက် နေ့လည်ပိုင်းကလည်း စစ်ကောင်စီ ၏ ရဟတ်ယာဉ် နှစ်စီးသည် လယ်တိုးစခန်းသို့လာရောက်ရာ တစ်စီးက လမ်းရှင်းပစ်ခတ်မှုလုပ်ဆာင်ခဲ့ပြီး အခြားတစ်စီးက ဆင်းသက်နေချိန် KNLA တပ်မဟာ(၅)က ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးကြောင်း ထုတ်ပြန်ထားသည်။

ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်များကို KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။