Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားရှစ်ဦးနှင့် လူငယ်တစ်ဦး ထောင်ဒဏ်များ မတရားချမှတ်ခံရ

အဆိုပါ ကျောင်းသားရှစ်ဦးနှင့် လူငယ်တစ်ဦးတို့ကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ထောင်တွင်းတရားရုံးတို့က ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်များတွင် မတရားပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားရှစ်ဦးနှင့် လူငယ်တစ်ဦး ထောင်ဒဏ်များ မတရားချမှတ်ခံရ
အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားရှစ်ဦးနှင့် လူငယ်တစ်ဦး ထောင်ဒဏ်များ မတရားချမှတ်ခံရ

▪️စစ်ကောင်စီတရားရုံးက အနိမ့်ဆုံးထောင်ဒဏ် (၄)နှစ်မှ အမြင့်ဆုံးထောင်ဒဏ် (၂၆)အထိချမှတ်

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားရှစ်ဦးနှင့် လူငယ်တစ်ဦးကို စစ်ကောင်စီလက်အောက်ခံတရားရုံးက အနိမ့်ဆုံး ထောင်ဒဏ် (၄)နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် (၂၆)နှစ်အထိ မတရားပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သမဂ္ဂရုံးက ယနေ့ (ဒီဇင်ဘာ ၂၈) ထုတ်ပြန်သည်။

အဆိုပါ ကျောင်းသားရှစ်ဦးနှင့် လူငယ်တစ်ဦးတို့ကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ထောင်တွင်းတရားရုံးတို့က ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်များတွင် မတရားပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားရှစ်ဦးနှင့် လူငယ်တစ်ဦး ထောင်ဒဏ်များ မတရားချမှတ်ခံရ
အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသားရှစ်ဦးနှင့် လူငယ်တစ်ဦး ထောင်ဒဏ်များ မတရားချမှတ်ခံရ

စစ်ကောင်စီတရားရုံးများ၏ မတရားပြစ်ဒဏ်များချမှတ်ခံရသူများတွင် မြေပြင်သပိတ်ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင်၊ ကိုသီဟအောင်၊ ကိုဟိန်းထက်ဇော်၊ ကိုဖြိုးကောင်းထိုက်၊ ကိုအေးမင်းထိုက်နှင့် အမှုတွဲ ကိုကျော်ကျော်နိုင်၊ မရွှေရည်ဝင်း၊ ကိုဥာဏ်ဝင်းထက်၊ ကိုလင်းထက်ကိုကို စသည့်ကျောင်းသားလူငယ်ကိုးဦးတို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတရားရုံးများက မတရားပြစ်ဒဏ် များချမှတ်ရာတွင် ကျောင်းသားလူငယ်ကိုးဦးအား စွဲဆိုထားသည့်ပုဒ်မများမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-က (စျ)၊ ၅၁ – ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် (၂၆)နှစ်အပါအဝင် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၅ နှစ်နှင့် အမှုတွဲ ကိုကျော်ကျော်နိုင်အား(၄ ) နှစ်စသဖြင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်ဟု ဖော်ပြသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ မတရား ဖမ်းဆီးခံရ​သော ကျောင်းသား(စာရင်းအရ) ၁၆ ဦးရှိသည့်အနက် ၁၂ ဦးအား အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တရားရုံးအမည်ခံများမှ မတရားပြစ်ဒဏ်များ ချမှတ်ထားပြီးဖြစ်ကြောင်း သမဂ္ဂရုံးက ထုတ်ပြန်ထားသည်။ အထက်ပါ အခြေအနေများနှင့် စပ်လျဥ်း၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံ People’s Spring က ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။