Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ နေအိမ် အလုံး ၂၀၀ နီးပါး ကျုးကျော်ဆိုပြီး ဖျက်ခံရ

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့က နေအိမ်တွေကို တာဝါတိုင်၊ သံလမ်း၊ လမ်းမြေနဲ့မလွတ်လို့ဆိုကာ ကျူးကျော်လို့သတ်မှတ်ပြီး ရှင်းလင်းဖယ်ရှားခဲ့တာတွေလုပ်ခဲ့ပါတယ်။

မန္တလေးမှာ နေအိမ် အလုံး ၂၀၀ နီးပါး ကျုးကျော်ဆိုပြီး ဖျက်ခံရ
မန္တလေးမှာ နေအိမ် အလုံး ၂၀၀ နီးပါး ကျုးကျော်ဆိုပြီး ဖျက်ခံရ

မန္တလေးမှာ ကျုးကျော်ဆိုပြီး အောင်မြေသာစံမြို့နယ်၊ တောင်ပြုန်းသွား ရထားသံလမ်းဘေးက နေအိမ် အလုံး ၂၀၀ နီးပါး ထပ်မံ ဖယ်ရှားခံလိုက်ရပါတယ်။

ရွှေကျင်ရပ်နဲ့အမရဌာနီအရှေ့ရပ်ထဲက နေအိမ်တွေဟာ သံလမ်းနဲ့ ပေ ၅၀ အတွင်းမှာ ရှိတယ်ပြီး စစ်ကောင်စီ တပ်ကဒီဇင်ဘာလ. ၂၈ ရက်ကစတင်ပြီး ဖယ်ရှားတာတွေလုပ်နေတာပါ။

ဒီလို ဖယ်ရှားရာမှာ ကြိုတင်အကြောင်းကြားတာမရှိဘဲ ရထားသံလမ်းနဲ့ ပေ ၅၀ အတွင်းနေခွင့်မရှိဘူးဆိုကာ အင်အားသုံး ဖျက်တာလို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

” နေလာတာကလည်း နှစ် ၃၀ထက်မနည်းတော့ပါဘူး၊ အခုလိုဆောင်းရာသီမှာ ရာသီဥတုက အေးအေးနဲ့ဆိုတော့ ဒုက္ခရောက်ရတယ်” လို့အိမ်ဖျက်ခံရတဲ့ အဲဒီအမျိုးသမီးက ရင်ဖွင့်ပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်ကောင်စီတပ်ဟာ ဘူဒိုဇာတွေနဲ့ ရုတ်တရက်ရောက်လာပြီး ဖယ်ရှားတော့တာလို့သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့က နေအိမ်တွေကို တာဝါတိုင်၊ သံလမ်း၊ လမ်းမြေနဲ့မလွတ်လို့ဆိုကာ ကျူးကျော်လို့သတ်မှတ်ပြီး ရှင်းလင်းဖယ်ရှားခဲ့တာတွေလုပ်ခဲ့ပါတယ်။

ဒီလို ဖယ်ရှားတဲ့ မြေနေရာတွေမှာ ပြန်လည်နေထိုင်လို့မရအောင် စစ်ကောင်စီတပ်က ခြံစည်းရိုးခတ် ကာရံပါတယ်။

ဒါအပြင် ဖယ်ရှားလိုက်တဲ့မြေနေရာတွေမှာ စစ်အုပ်စုနဲ့နီးစပ်သူတွေက အကွက်ရိုက်ပြီး နေထိုင်ကြတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

နေအိမ်တွေ ရှင်းလင်းရာမှာလည်း စစ်တပ်၊ ရဲ၊ စည်ပင်နဲ့ထွေအုပ်အပြင် လူမိုက်တွေလည်းပါလာတယ်လို့ ဒေသခံဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၁၁ရက်တွင် ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၄၀ခန့် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။