Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ် တောပုရွာရှိပျူများနှင့် စစ်ကောင်စီတပ်အား တိုက်ခိုက်

ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ညနေ ၃နာရီခန့်က မုံရွာမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မုံရွာကျောက္ကာလမ်းပေါ်ရှိ စစ်ကောင်စီတပ်သားများ ၊ဓာတ်ပုံ - CJ(ပုံဟောင်း)
မုံရွာကျောက္ကာလမ်းပေါ်ရှိ စစ်ကောင်စီတပ်သားများ ၊ဓာတ်ပုံ - CJ(ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တောပုကျေးရွာရှိ ပျူစောထီးများနှင့် ကင်းပုန်းဝပ်စစ်ကောင်စီတပ်အား လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ညနေ ၃နာရီခန့်က မုံရွာမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ညနေ ၄ နာရီခွဲခန့်တွင်လည်း မုံရွာမြို့ မန်ကျည်းပင်စျေးအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတာဝန်ခံက ပြောသည်။

“တောပုရွာကိုပစ်တာက အချိန်က ၁၀မိနစ်လောက် ကြာခဲ့ပါတယ်။ပြီးတော့ မုံရွာမြို့ မန်ကျည်းပင်စျေးနားက စကစတွေ ကင်းပုန်းဝပ်နေတာကို နာနတ်သီးနဲ့တိုက်ခိုက်ခဲ့ပါတယ်။ စကစ​တွေက မတ်တူးကားနဲ့လိုက်ပါတယ်။ ကလေးတွေ ဘေးမသီရန်မခဘဲပြန်လည် လွတ်မြောက်လာပါတယ်”ဟု ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား Monywa UG တပ်ပေါင်းစုအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပြီး ရဲဘော် များအထိအခိုက်မရှိကြောင်း၊ စစ်အုပ်စုထိခိုက်မှုအခြေအနေကို စုံစမ်းနေကြောင်း အသိပေးသည်။

ယခု ဒီဇင်ဘာအတွင်း မုံရွာမြို့နယ် တောပုကျေးရွာရှိပျူများအား ဒေသတွင်း PDFများက ဆက်တိုက်နီးပါး တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။