Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့မရဲစခန်းအပါအဝင် စစ်အုပ်စုရှိရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်၏ တည်နေရာများကို အတိအကျ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးဟု ဆိုသည်။

(ဆားလင်းကြီးမြို့မရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဆားလင်းကြီးမြို့မရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းအပါအဝင် စစ်အုပ်စုရှိရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၁၆) တပ်ခွဲ(၁)Brother Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၃၁ ရက်) ည ၁၀နာရီအချိန်ခန့်က ဆားလင်းကြီးမြို့မရဲစခန်းနှင့် မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တည်ရှိနေရာများကို တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brother Defense Force အဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်၏ တည်နေရာများကို အတိအကျ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၆) တပ်ခွဲ(၁)Brother Defense Force အဖွဲ့၊ဆားလင်းကြီးသမန်းကျားပြောက်ကျားတပ်ဖွဲ့နှင့် အခြားမဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ မဟာမိတ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များအား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ လာရောက်တိုက်ခိုက်နေပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။