Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိ မှော်ပုံရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ

မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်နေခြင်းဟု ယင်းဒေသခံက ဆိုသည်။

ဖားကန့်ရှိ မှော်ပုံရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ
ဖားကန့်ရှိ မှော်ပုံရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံကျေးရွာကို ယနေ့(ဇန်နဝါရီ ၁ရက်) ညနေ ၆နာရီမှစတင်ကာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲမဖြစ်ဘဲ ရမ်းပစ်နေတာပါ။ လက်နက်ကြီး နှစ်လုံးကျတယ်။ အိမ်တွေကို ခဲတွေလာစင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မဇွပ်ယန်ကျေးရွာရှိ အကျဥ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်နေခြင်းဟု ယင်းဒေသခံက ဆိုသည်။

ဒီဇင်ဘာ ၃၀ရက် ညနေ ၂နာရီခန့်ကလည်း မှော်ပုံကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လူနေအိမ်နှင့် ဘုရားကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့သည်။ ယင်းဖြစ်စဥ်တွင် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook