မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒီဇင်ဘာ ၃၁ ရက် ည ၇နာရီခန့်က မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာတွင် တပ်စွဲထားသော အင်အား ၅၀ခန့်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချပြီး လက်နက်ကြီးဖြင့် ၁၉ ချက်ထု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Unicorn Guerrilla Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ပြီး အတိအကျမသိသေးဘဲ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို ADRF တော်လှန်ရေး အင်အားစု၊ ကောင်းကင် တော်လှန်ရေး အင်အားစု၊Unicorn Guerrilla Force၊ SkyHero (madaya)၊ Peacock Warrior Force၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မတ္တရာ အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်တွင် နယ်အနောက်ခြမ်းနှင့် အရှေ့ခြမ်းတို့တွင် စစ်ကြောင်းထိုးပစ်ခတ်ဖမ်းဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်နေသည်။


















































