Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ် သုံးဆယ်ပေးရွာရှိ စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ပြီး အတိအကျမသိသေးဘဲ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

မတ္တရာနယ် သုံးဆယ်ပေးရွာရှိ စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
မတ္တရာနယ် သုံးဆယ်ပေးရွာရှိ စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၃၁ ရက် ည ၇နာရီခန့်က မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာတွင် တပ်စွဲထားသော အင်အား ၅၀ခန့်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချပြီး လက်နက်ကြီးဖြင့် ၁၉ ချက်ထု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Unicorn Guerrilla Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ပြီး အတိအကျမသိသေးဘဲ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ADRF တော်လှန်ရေး အင်အားစု၊ ကောင်းကင် တော်လှန်ရေး အင်အားစု၊Unicorn Guerrilla Force၊ SkyHero (madaya)၊ Peacock Warrior Force၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မတ္တရာ အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ​မတ္တရာမြို့နယ်တွင် နယ်အနောက်ခြမ်းနှင့် အရှေ့ခြမ်းတို့တွင် စစ်ကြောင်းထိုးပစ်ခတ်ဖမ်းဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။