Connect with us

Hi, what are you looking for?

သတင်း

ဝင်းရေးတွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ရက်အတွင်းလေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်းရှိနေဟုဆို

စစ်ကောင်စီတပ်သည် ဇန်ဝါရီ ၁ ရက်နှင့် ယနေ့ ဇန်နဝါရီလ(၂)ရက်အချိန်ထိ လေယာဉ်ဖြင့် (၇)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲသည် ပိုမိုပြင်းထန်လျက်ရှိကာ ထိခိုက်ကျဆုံးသတင်းများအား အတည်ပြုဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဝင်းရေးတွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ရက်အတွင်းလေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်းရှိနေဟုဆို
ဝင်းရေးတွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ရက်အတွင်းလေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်းရှိနေဟုဆို

ဝင်းရေးမြို့နယ်၊ တောင်စွန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းအချိန်ထိ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်လျက်ရှိသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်သည့် ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာတွင် ဇန်နဝါရီလ(၁)ရက်က စပြီး KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ လေယာဉ်များဖြင့် (၃)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီလ(၁)ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တစ်ဖွဲ့များမှ စုစုပေါင်း(၆)ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်း ရှိနေသည်ဟု Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဇန်ဝါရီ ၁ ရက်နှင့် ယနေ့ ဇန်နဝါရီလ(၂)ရက်အချိန်ထိ လေယာဉ်ဖြင့် (၇)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲသည် ပိုမိုပြင်းထန်လျက်ရှိကာ ထိခိုက်ကျဆုံးသတင်းများအား အတည်ပြုဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သည် ယနေ့အချိန်ထိ လေကြောင်းတိုက်ခိုက်မှု၊ ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

ယခုလို စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တောင်စွန်းကျေးရွာအပါအဝင် အနီးအနားရှိ အခြားကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို (၁)နှစ်သက်တမ်း ထပ်မံတိုးမြှင့်ပြီး ကြေညာထားသော်လည်း ကေအဲန်ယူနယ်မြေအတွင်းကို ထိုးစစ်ဆင်မှုများ အဆက်မပြတ်ပြုလုပ်နေလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook