Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝင်းရေးတွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ရက်အတွင်းလေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်းရှိနေဟုဆို

စစ်ကောင်စီတပ်သည် ဇန်ဝါရီ ၁ ရက်နှင့် ယနေ့ ဇန်နဝါရီလ(၂)ရက်အချိန်ထိ လေယာဉ်ဖြင့် (၇)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲသည် ပိုမိုပြင်းထန်လျက်ရှိကာ ထိခိုက်ကျဆုံးသတင်းများအား အတည်ပြုဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဝင်းရေးတွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ရက်အတွင်းလေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်းရှိနေဟုဆို
ဝင်းရေးတွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ရက်အတွင်းလေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်းရှိနေဟုဆို

ဝင်းရေးမြို့နယ်၊ တောင်စွန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းအချိန်ထိ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်လျက်ရှိသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်သည့် ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာတွင် ဇန်နဝါရီလ(၁)ရက်က စပြီး KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ လေယာဉ်များဖြင့် (၃)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီလ(၁)ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တစ်ဖွဲ့များမှ စုစုပေါင်း(၆)ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်း ရှိနေသည်ဟု Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဇန်ဝါရီ ၁ ရက်နှင့် ယနေ့ ဇန်နဝါရီလ(၂)ရက်အချိန်ထိ လေယာဉ်ဖြင့် (၇)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲသည် ပိုမိုပြင်းထန်လျက်ရှိကာ ထိခိုက်ကျဆုံးသတင်းများအား အတည်ပြုဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သည် ယနေ့အချိန်ထိ လေကြောင်းတိုက်ခိုက်မှု၊ ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

ယခုလို စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တောင်စွန်းကျေးရွာအပါအဝင် အနီးအနားရှိ အခြားကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို (၁)နှစ်သက်တမ်း ထပ်မံတိုးမြှင့်ပြီး ကြေညာထားသော်လည်း ကေအဲန်ယူနယ်မြေအတွင်းကို ထိုးစစ်ဆင်မှုများ အဆက်မပြတ်ပြုလုပ်နေလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။