Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မှာ ကျောက်သမား အမျိုးသား တစ်ဦး ပစ်သတ်ခံရ

ပစ်ခတ်ခံရတဲ့အကြောင်းအရင်းကိုမသိရသေးပါဘူး။ ပြီးခဲ့တဲ့ ကာလတွေအတွင်းမန္တလေးမှာ ကျောက်သမားအချို့ သတ်ဖြတ်ခံရတာရှိသလို ကျောက်ဝိုင်းမှာလည်းပေါက်ကွဲတာတွေရှိခဲ့ပါတယ်။

မန္တလေး မှာ ကျောက်သမား အမျိုးသား တစ်ဦး ပစ်သတ်ခံရ
မန္တလေး မှာ ကျောက်သမား အမျိုးသား တစ်ဦး ပစ်သတ်ခံရ

မန္တလေး ၊ချမ်းအေးသာစံမြို့နယ် ထဲက ဒေးဝန်းရပ်မှာအသက် ၅၀ အရွယ် ကျောက်သမားတစ်ဦး ဒီနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်က သေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်။

ဒေးဝန်းရပ် ၃၄လမ်းနဲ့ ၈၉လမ်း ၊လမ်း၉၀ကြားမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး နေရာမှာတင်သေဆုံးသွားတယ်လို့စုံစမ်းသိရပါတယ်။

“သူက ကျောက်သမားပေါ့ ဒေးဝန်းရပ်ထဲကပဲ၊ နာမည်အတိအကျနဲ့မေးမြန်းပြီးကိုပစ်သွားတာ”လို့ သေဆုံးသူနဲ့နီးစပ်သူ ကျောက်သမားတစ်ဦးကပြောပါတယ်။

သေဆုံးသူဟာ ကိုဝင်းအောင် လို့သိရပြီး နေအိမ်အနီးဝန်းကျင်မှာပဲပစ်သတ်ခံရတာပါ။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရတဲ့အကြောင်းအရင်းကိုမသိရသေးပါဘူး။ ပြီးခဲ့တဲ့ ကာလတွေအတွင်းမန္တလေးမှာ ကျောက်သမားအချို့ သတ်ဖြတ်ခံရတာရှိသလို ကျောက်ဝိုင်းမှာလည်းပေါက်ကွဲတာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လလယ်က မန္တလေး ပုသိမ်ကြီးမြို့နယ်ထဲမှာ ကျောက်ပွဲစားတစ်ဦး သတ်ဖြတ်ခံရပါတယ်။

နိုဝင်ဘာလအတွင်းကလည်း မန္တလေး မြတောင်ကျောင်းတိုက်အနီးပေါက်ကွဲမှုဖြစ်ရာ လမ်းဘေးဆိုင် ထိုင်နေသူ ကျောက်သမား ဗုံးစမှန်ပြီးသေဆုံးခဲ့ရပါသေးတယ်။

ဒါအပြင် အောက်တိုဘာလအတွင်း ညအချိန် ချမ်းအေးသာစံမြို့နယ်ထဲမှာ ကားတွေကိုစစ်ဆေးဖို့တားဆီးရာမှာ မရပ်လို့ဆိုပြီး အကြောင်းပြကာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျောက်ပွဲစားအမျိုးသားတစ်ဦး သေဆုံးခဲ့တာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။