Connect with us

Hi, what are you looking for?

သတင်း

KNUဖာပွန်ခရိုင်တွင် ပြီးခဲ့သည့် တစ်နှစ်အတွင်းတိုက်ပွဲ ၂,၇၀၀ကျော်ဖြစ်၊ တပ်ရင်းမှူးနှစ်ဦး အပါ အဝင် စစ်ကောင်စီတပ် ၁၃၀၀ ကျော်သေဆုံးဟု ထုတ်ပြန်

စစ်ကောင်စီတပ်က ဒေသခံများ နေထိုင်ရာရွာနှင့်လုပ်ငန်းခွင်များသို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလပ်ခဲ့ရာ လက်နက်ကြီးပစ်ခတ်မှု နှစ်ထောင်ကျော်၊ လေကြောင်းမှ တိုက်ခိုက်မှု ၃၅ကြိမ်အတွင်း ဗုံးသီး ၁၈၀လုံးကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ပြီးခဲ့သည့် မတ်လအတွင်းက ဖာပွန်ခရိုင်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲမှ ရရှိသည့် လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများ)
(ပြီးခဲ့သည့် မတ်လအတွင်းက ဖာပွန်ခရိုင်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲမှ ရရှိသည့် လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများ)

▪️KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင် ၅၀ဦးကျဆုံးပြီး ၊ ပြည်သူ ၄၀ကျော်အသက်ဆုံးရှုံးခဲ့ရဟုအသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ၌ ၂၀၂၂ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၂,၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၂ ဇန်နဝါရီ ၁ ရက်ကစပြီး ဒီဇင်ဘာ ၃၁ ရက်အထိဖြစ်ပွားခဲ့သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် (၅)တပ်မဟာနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲသတင်းချုပ်ကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ပြီးခဲ့သည့် မတ်လအတွင်းက ဖာပွန်ခရိုင်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲမှ ရရှိသည့် လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများ)
(ပြီးခဲ့သည့် မတ်လအတွင်းက ဖာပွန်ခရိုင်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲမှ ရရှိသည့် လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးမိသည့် စစ်သုံ့ပန်းများ)

တိုက်ပွဲပေါင်း ၂,၇၃၇ ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီစစ်တပ်၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များ စုစုပေါင်း ၁,၃၀၇ ဦးသေဆုံးခဲ့ပြီး ၉၇၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီစစ်တပ် သေဆုံးသူများထဲတွင် တပ်ရင်းမှူး (၂) ဦး၊ ဒု-တပ်ရင်းမှူး (၅) ဦး၊ ဗိုလ်ကြီး (၆) ဦး၊ ဒုတိယဗိုလ် (၆) ဦး၊ တပ်ကြပ်ကြီး (၉) ဦး၊ တပ်ကြပ် (၁) ဦးတို့ ပါဝင်ခဲ့ကြောင်း တပ်မဟာ(၅)က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်၏ ထိခိုက်ဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူး လေးဦး၊ ဒု-တပ်ရင်းမှူး ငါးဦး၊ ဗိုလ်ကြီး နှစ်ဦး၊ ဗိုလ် တစ်ဦး၊ ဒု-ဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် ဒု-တပ်ကြပ် တစ်ဦးပါဝင်ပြီး စစ်ကောင်စီ၏ မြင်းအကောင် (၆၀)သေဆုံးခဲ့ပြီး (၂၃)ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီ၏ ကား (၅၅)စီး၊ စစ်ကောင်စီအသုံးပြုသည့် တံတား (၈)စင်းနှင့် အဆောက် အဦး အလုံး (၂၀)ကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅)ဘက်က ၅၀ဦးကျဆုံးခဲ့ပြီး ၁၈၀ ဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်က ဒေသခံများ နေထိုင်ရာရွာနှင့်လုပ်ငန်းခွင်များသို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလပ်ခဲ့ရာ လက်နက်ကြီးပစ်ခတ်မှု နှစ်ထောင်ကျော်၊ လေကြောင်းမှ တိုက်ခိုက်မှု ၃၅ကြိမ်အတွင်း ဗုံးသီး ၁၈၀လုံးကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄၁ဦး သေဆုံးခဲ့ပြီး ၉၉ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၉၆လုံး၊ ဘုရားရှိခိုးကျောင်း ၂ကျောင်း၊ စပါးကျည် ၁၉လုံး ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ ထို့ပြင် အိမ်မွေးတိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။