Connect with us

Hi, what are you looking for?

သတင်း

မြေပြိုမှုဖြစ်နေသည့် ဒေသတွင်းလမ်းပိုင်းများကို မင်းတပ်မြို့နယ်(ပအဖ) ပြုပြင်ပေး

အများပြည်သူသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပြုပြင်ပေးနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း
ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း

မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုများဖြစ်နေသည့် ဒေသတွင်းလမ်းပိုင်းများကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်ယန္တရားအသုံးပြု၍ ပြုပြင်ပေးနေသည်။

အများပြည်သူသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပြုပြင်ပေးနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“ပြည်သူတွေ အဆင်ပြေအောင် ကျွန်တော်တို့ စီမံပေးနေတာပါ”ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း
ဓာတ်ပုံ – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး – သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း

ချင်းတောင်တန်းဒေသသည် မိုးများပါက မြေပြိုမှုအန္တရာယ်ရင်ဆိုင်ရသည့် ဒေသဖြစ်သည်။ ယခုကာလသည် အနောက်တောင်မုတ်သုံလေဆုတ်ခွာနေသည့်ကာလဖြစ်ပြီး ချင်းပြည်နယ်အပါအဝင် ဒေသအများစု၌ ပုံမှန်ထက် မိုးရွာသွန်းနိုင်မည့်အခြေအနေရှိနေသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း
ဓာတ်ပုံ – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး – သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း

ချင်းပြည်နယ် မင်းတပ်မြို့သည် စစ်အာဏာရှင်တော်လှန်ရေးတွင် စနစ်တကျရှိပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒေသတွင်း အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် ကြိုးစားနေသည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မင်းတပ်မြို့ပေါ်ကို အင်အားတိုးချနေပြီး လုံခြုံရေးသတိပြုနေထိုင်ကြရန် မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဓာတ်ပုံ – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး – သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook