Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြေပြိုမှုဖြစ်နေသည့် ဒေသတွင်းလမ်းပိုင်းများကို မင်းတပ်မြို့နယ်(ပအဖ) ပြုပြင်ပေး

အများပြည်သူသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပြုပြင်ပေးနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း
ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း

မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုများဖြစ်နေသည့် ဒေသတွင်းလမ်းပိုင်းများကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်ယန္တရားအသုံးပြု၍ ပြုပြင်ပေးနေသည်။

အများပြည်သူသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပြုပြင်ပေးနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“ပြည်သူတွေ အဆင်ပြေအောင် ကျွန်တော်တို့ စီမံပေးနေတာပါ”ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း
ဓာတ်ပုံ – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး – သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း

ချင်းတောင်တန်းဒေသသည် မိုးများပါက မြေပြိုမှုအန္တရာယ်ရင်ဆိုင်ရသည့် ဒေသဖြစ်သည်။ ယခုကာလသည် အနောက်တောင်မုတ်သုံလေဆုတ်ခွာနေသည့်ကာလဖြစ်ပြီး ချင်းပြည်နယ်အပါအဝင် ဒေသအများစု၌ ပုံမှန်ထက် မိုးရွာသွန်းနိုင်မည့်အခြေအနေရှိနေသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း
ဓာတ်ပုံ – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး – သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း

ချင်းပြည်နယ် မင်းတပ်မြို့သည် စစ်အာဏာရှင်တော်လှန်ရေးတွင် စနစ်တကျရှိပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒေသတွင်း အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် ကြိုးစားနေသည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မင်းတပ်မြို့ပေါ်ကို အင်အားတိုးချနေပြီး လုံခြုံရေးသတိပြုနေထိုင်ကြရန် မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဓာတ်ပုံ – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး – သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်း

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

အဆိုပါထိတွေ့တိုက်ပွဲအတွင်း ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်းရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရယ်မရှိ တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ပြည်သူများမြင်ချင်နေသည့် တိုက်ပွဲများဆင်နွှဲလျက်ရှိနေကြသည့် CDF-Mindat အတွက် အထူးဆုတောင်းပေးကြရန် CDF မင်းတပ် သတင်းပြန်ကြားရေးက ယနေ့နံနက်တွင် ထုတ်ပြန်ခဲ့သည်။

သတင်း

ဒီဇင်ဘာ ၄ရက် နေ့လယ်ပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို CDF မင်းတပ် ရဲဘော်များက မင်းတပ်မြို့ ဘ၀သစ်ရပ်ကွက် စာတိုက်ရုံးလမ်းဆုံအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။