Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ကားတို​က်မိပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ နှစ်ဦးသေဟုဆို

မိုင်းထိပြီးဆက်မောင်းလာသော စစ်ကောင်စီယာဥ်အား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတားဆီးစဥ် တိုက်မိပြီးနောက် အချင်းချင်း အပြန်အလှန်ပစ်ခတ်ကြ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး၊ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ကားဖြင့်တို​က်မိပြီးနောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ နှစ်ဦးသေဆုံးသွားကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းထိပြီးဆက်မောင်းလာသော စစ်ကောင်စီယာဥ်အား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတားဆီးစဥ် တိုက်မိပြီးနောက် အချင်းချင်း အပြန်အလှန်ပစ်ခတ်ကြ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ယနေ့(ဇန်နဝါရီ ၉ရက်) နံနက်၃နာရီခွဲက မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မြင်းမူမြို့မှ မုံရွာမြို့ ဘက်သို့ထွက်ခွာလာသော စစ်ကားနှစ်စီးအနက် ပထမ ယာဥ်တစ်စီးအား မိုင်းဖြင့်တိုက်ခိုက်ချိန်တွင်နောက်ကားမှာ ပွိုင့်ပေါ်ရပ်နေ၍ အဆိုပါ ကားကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PAFD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင်းအထန် ထိခိုက်ဒဏ်ရာရသည့်အပြင် စစ်ကားတစ်စီး၏ ဆီတိုင်ဂီပေါက်ထွက်သွားခဲ့သ​ည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံကဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နှစ်စီးအနက် တစ်စီးက မောင်းထွက်လာချိန် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များက ကားကိုတားရန်ကြိုးစားနေစဉ် တိုက်မိပြီး တစ်ဦးသေဆုံးသွားကြောင်း၊ ထို့နောက် ၎င်းတို့အချင်းချင်း အပြန်လှန်ပစ်ခတ်ရာ နောက်တစ်ဦးထပ်မံသေဆုံးသွားကြောင်း PAFD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ ဒီဘက်က မိုင်းဆွဲလိုက်တော့ ဒီပွိုင့်တွေ မကျော်နိုင်တဲ့အခါကျတော့ ဆီတိုင်ကီတွေလည်းပေါက်ထွက် စိတ်တိုနေတာနေမှာပေါ့။ ကားသမားက။ စိတ်တိုနေတဲ့အချိန် စကစတွေရှိတဲ့နား သွားတဲ့အချိန် ဟိုကားတာနဲ့ သူတိုလည်း တိုက်လိုက်တာလို့ထင်တယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထိုကားနှစ်စီးသည် ထိခိုက်ဒဏ်ရာရရှိသူများနှင့်သေဆုံးသူများကိုတင်ဆောင်၍ မြင်းမူမြို့သို့ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD) တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ TAUNGTHA People Defense Force(TTAPDF) D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။