Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကျောက်ဝိုင်း အမှိုက်ကန်အနီးရပ်ထားတဲ့ ကားပေါ်မှာ အမျိုးသားအလောင်းတွေ့

မဟာအောင်မြေမြို့နယ် ၊သင်္ဂဇာချောင်းဘေးက အမှိုက်ကန်နား ရပ်ထားတဲ့ ကားပေါ် မှာ အမျိုးသားအလောင်းကိုတွေ့ခဲ့ကြတာပါ။

မန္တလေးကျောက်ဝိုင်း အမှိုက်ကန်အနီးရပ်ထားတဲ့ ကားပေါ်မှာ အမျိုးသားအလောင်းတွေ့
မန္တလေးကျောက်ဝိုင်း အမှိုက်ကန်အနီးရပ်ထားတဲ့ ကားပေါ်မှာ အမျိုးသားအလောင်းတွေ့

မန္တလေး မဟာအောင်မြေမြို့နယ် ကျောက်ဝိုင်း နားက အမှိုက်ကန် အနီး ရပ်ထားတဲ့ Honda Fit ကားရဲ့ နောက်ဖုံးထဲမှာ အမျိုးသားတစ်ဦးကိုသတ်ဖြတ်ပြီးစွန့်ပစ်ထားတာ ကို မနေ့ကညပိုင်း ၈ နာရီဝန်းကျင်ကတွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီကတဆင့်သိရပါတယ်။

မဟာအောင်မြေမြို့နယ် ၊သင်္ဂဇာချောင်းဘေးက အမှိုက်ကန်နား ရပ်ထားတဲ့ ကားပေါ် မှာ အမျိုးသားအလောင်းကိုတွေ့ခဲ့ကြတာပါ။

မန္တလေးကျောက်ဝိုင်း အမှိုက်ကန်အနီးရပ်ထားတဲ့ ကားပေါ်မှာ အမျိုးသားအလောင်းတွေ့
မန္တလေးကျောက်ဝိုင်း အမှိုက်ကန်အနီးရပ်ထားတဲ့ ကားပေါ်မှာ အမျိုးသားအလောင်းတွေ့

“ကားက ရပ်ထားတာကြာလို့ မသင်္ကာပြီးစစ်ဆေးရာကနေ တွေ့တာ” လို့ အလောင်းကို ရင်ခွဲရုံပို့ဆောင်ပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့မှာပါဝင်သူတစ်ဦးကပြောပြပါတယ်။

သေဆုံးသူဟာ အသက် ၃၅ နှစ်ခန့်ရှိပြီး အသားဖြူ၊ ခန္ဓာကိုယ် ဝ ပြီး အရပ် ၅ ပေ ၅ လက်မခန့်ရှိကာ လည်ပင်းမှာ ကြိုးနဲ့ညှစ်ထားတဲ့ဒဏ်ရာ ၊မျက်နှာမှာ ထိုးကြိတ်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

” ကျောက်သမားတစ်ဦးလို့လည်း သိရတယ်၊ သေဆုံးတဲ့ လက္ခဏာက အသတ်ခံထားရတာ” လို့ အလောင်းသယ်ရာမှာပါခဲ့သူတစ်ဦးကလည်း ပြောပြပါတယ်။

အလောင်းကို ကားနောက်ဖုံးထဲ တွေ့ရာမှာ အဝတ်တွေနဲ့အုပ်ထားတာလို့သိရပါတယ်။သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ယခုအချိန်ထိ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။