Connect with us

Hi, what are you looking for?

သတင်း

မဲစာရင်းလိုက်ကောက်တဲ့ အဖွဲ့တွေကို အရေးယူမယ်လို့ NUG သတိပေး

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှေ့ပြေးအကြိုမဲစာရင်းအဖြစ် လူဦးရေ စာရင်း ကောက်ယူတာတွေကို မနေ့က ဇန်နဝါရီလ ၉ ရက်စတင်ပြီးကောက်ယူနေတာပါ။

ရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ်ထဲ လူဦးရေစာရင်းကောက်ယူနေပုံ
ရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ်ထဲ လူဦးရေစာရင်းကောက်ယူနေပုံ

စစ်ကောင်စီရွေးကောက်ပွဲအတွက် လူဦးရေစာရင်းလိုက်လံကောက်ယူပေးနေတဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကို အကြမ်ဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲအရေးယူမယ်လို့ NUG အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးလိုက်ပါတယ်။

မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ဖို့အတွက်ပါဝင် ဆောင်ရွက်နေတဲ့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့တွေ ၊ လဝကနဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို အရေးယူမယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မနေ့က ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှေ့ပြေးအကြိုမဲစာရင်းအဖြစ် လူဦးရေ စာရင်း ကောက်ယူတာတွေကို မနေ့က ဇန်နဝါရီလ ၉ ရက်စတင်ပြီးကောက်ယူနေတာပါ။

ရန်ကုန်မြို့တွင်းမှာ ကောက်ယူရာမှာတော့ ရပ်ကွက်ရုံးလို နေရာမှာ ထွေအုပ် ၊ လဝက ဌာနဆိုင်ရာတွေထံ ပြည်သူတွေက စာရင်းသွားပေးသွင်းရတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးက အချို့နေရာတွေမှာ စစ်ကောင်စီက လူဦးရေ စာရင်းကောက်ယူတယ်လို့ မကြေညာဘဲ မှတ်ပုံတင်မရှိသူတွေ ၊ အိမ်ထောင်စုစာရင်းမရှိသူတွေကို မှတ်ပုံတင် ၊အိမ်ထောင်စုစာရင်းလုပ်ပေးဖို့ ရပ်ကွက်ရုံးထံစာရင်းပေးကြဖို့ လိုက်လံကြေညာတာတွေရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

လူဦးရေစာရင်းလိုက်လံကောက်ယူရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူပေးတာကို ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

မနေ့က တနင်္သာရီတိုင်း ၊လောင်းလုံးမြို့နယ်ထဲ စာရင်းလိုက်ကောက်တဲ့အဖွဲ့ ကို လိုက်လံလုံခြုံရေးယူပေးတဲ့ ဒုရဲအုပ်ဟာ ပစ်သတ်ခံလိုက်ရပါသေးတယ်။

NGU၊ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကိုလက်မခံကြောင်းနဲ့ ရွေးကောက်ပွဲမဖြစ်အောင် တားမြစ်သွားမယ်လို့တရားဝင် ထုတ်ပြောထားကြပါတယ်။

ဒါအပြင် လူထုအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မပူးပေါင်းကြဖို့လည်းတိုက်တွန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။