Connect with us

Hi, what are you looking for?

သတင်း

စင်ကာပူနိုင်ငံမှ ပြန်လာပြီး ချစ်သူနဲ့လာတွေသည့်အမျိုးသမီး ​ရွှေ၊​ငွေနှင့်အဖိုးတန်ပစ္စည်းများလုယက်အသတ်ခံရ

မနှင်းဝေလှိုင်သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနေသူဖြစ်ကာ စင်ကာပူနိုင်ငံတွင် လေးနှစ်ခန့်ကြာ အိမ်အကူအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။

(ငွေနှင့် ရွှေများ လုယက်အသတ်ခံရသည့် မနှင်းဝေလှိုင်အား တွေ့ရစဥ်၊ ဓာတ်ပုံ CJ)
(ငွေနှင့် ရွှေများ လုယက်အသတ်ခံရသည့် မနှင်းဝေလှိုင်အား တွေ့ရစဥ်၊ ဓာတ်ပုံ CJ)

အွန်လိုင်းပေါ်မှ ချစ်ကြိုက်ပြီး စင်ကာပူနိုင်ငံမှ ပြန်လာပြီးရန်ကုန်လာရောက်တွေ့ဆုံသည့် အမျိုးသမီး ​ရွှေ၊​ငွေ နှင့်အဖိုးတန်ပစ္စည်းများလုယက်၍အသတ်ခံရကြောင်း အသတ်ခံရသူနှင့် နီးစပ်သူများက ပြောသည်။

အသတ်ခံရသည့် မနှင်းဝေလှိုင်သည် စင်ကာပူနိုင်ငံတွင်အလုပ်လုပ်ကိုင်ရာမှ ဇန်နဝါရီ ၅ ရက်က မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက် လှိုင်သာယာမြို့နယ် ၊စက်မှုဇုန် (၁) တပင်ရွှေထီးတာဝါအနီးရှိ တည်းခိုခန်းတွင် ဓားဒဏ်ရာများဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရခြင်းဖြစ်သည်။

“စင်ကာပူ ဒေါ်လာ ၆,၀၀၀၊ ရွှေတစ်စင်ဆာ၊လက်တော့တစ်လုံး၊ လက်ကောက်လေးကွင်း အကုန်ယူပြီး လူမြင်မကောင်းအောင် ဓားနဲ့အချက်ရေ ရေမတွက်နိုင်အောင်ထိုးခဲ့တာပါ”ဟု အသတ်ခံရသူ၏ သူငယ်ချင်းဖြစ်သူက ပြောသည်။

“သူမြန်မာနိုင်ငံပြန်လာတာကို သူ့မိဘလည်း မသိဘူး။ ရန်ကုန်က သူ့အဒေါ်လည်း မသိဘူး။ နောက်ပြီး သေနေတာကိုလည်း တည်းခိုခန်းက မသိဘူး။ CCTV ပြန်ကြည့်တော့မှ ဇန်နဝါရီ ၅ ရက်မှာ အဲဒီကောင်လေးနဲ့ ဝင်လာတယ်။ ဇန်နဝါရီ ၆ ရက်မှာ ကောင်လေးကတစ်ယောက် တည်းပြန်ထွက်သွားပြီး နောက်ရက်ကျမှ ကောင်မလေးက ဓားဒဏ်ရာဗရပွနဲ့ သေနေတာကို တွေ့ရတာ”ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မနှင်းဝေလှိုင်ကို သတ်ဖြတ်သွားသူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာမှ ကိုအောင်သူရိန်ဖြစ်ကြောင်းလည်း အသတ်ခံရသူများနှင့်နီးစပ်သူများက ဆိုသည်။

လူသတ်ပစ္စည်းလုယက်ခံရမှုကို လှိုင်သာယာမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

မနှင်းဝေလှိုင်သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနေသူဖြစ်ကာ စင်ကာပူနိုင်ငံတွင် လေးနှစ်ခန့်ကြာ အိမ်အကူအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။

စစ်​အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်း လုယက်သတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှုများပိုမိုများပြား​နေသည်။ ရန်ကုန်မြို့တွင် ဇန်နဝါရီလဆန်းက အငှားယာဥ်ဖြင့် ပစ္စည်းလိုက်လံပို့သူတစ်ဦး အသတ်ခံခဲ့ရပြီး မန္တ​လေးမြို့တွင်လည်းအမျိုးသားတစ်ဦးကိုသတ်၍ အ​လောင်းကိုကား​နောက်ခန်းတွင်ထားခဲ့​သည်ကိုဇန်နဝါရီ ၈ ရက်က​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။