Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် အရေးပေါ်အကူအညီလိုအပ်သူ ပြည်သူ ၂သန်း ထပ်တိုးလာ၊ စုစုပေါင်း ငလျင်ဘေးသင့်ပြည်သူ ၆.၃သန်းကျော်ရှိ

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ထပ်တိုးလူဦးရေ ၂ သန်းခန့်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၅၊ ၂၀၂၅။ အီယိုရီ/People’s Spring

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ထပ်တိုးလူဦးရေ ၂ သန်းခန့်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် လူဦးရေ ၄.၃ သန်းကျော်ဟာ အကူအညီလိုအပ်နေခဲ့ပြီးဖြစ်ပြီး အခု ထပ်တိုးလူဦးရေ ၂သန်းခန့်နဲ့ဆိုရင် ငလျင်ကြောင့် စုစုပေါင်း မြန်မာပြည်သူ ၆.၃သန်းကျော်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်နေတာဖြစ်ကြောင်း OCHA ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

“သန့်ရှင်းတဲ့ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အမိုးအကာ မရှိဘဲ နေထိုင်နေကြရသူတွေ အခုချိန်ထိ အများအပြားရှိနေပါသေးတယ်။ ပျက်စီးသွားခဲ့တဲ့ လမ်းတွေ၊ အခြေခံ အဆောက်အဦတွေနဲ့ ဆက်သွယ်ရေးစနစ် ချို့ယွင်းမှုတွေကြောင့် ငလျင်ဘေးသင့် ပြည်သူတွေဆီ အကူအညီတွေ ရောက်ဖို့ရာလည်း ပိုမို ခက်ခဲလျက်ရှိပါတယ်” လို့ ရန်ကုန်မြို့ရှိ OCHA က ဧပြီ ၁၂ရက်မှာ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

လူမှုဂရုဏာ လုပ်သားတွေဟာ ဒေသတွင်းက ကနဦးပံ့ပိုးကူညီသူတွေနဲ့ အတူတကွ ငလျင်ဘေး တုံ့ပြန်ရေး လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပေမယ့် လိုအပ်ချက်တွေဟာ တုံ့ပြန်ဆောင်ရွက်နိုင်မှုထက် ပိုမို များပြားနေတယ်လို့ OCHA က ဖော်ပြပါတယ်။

OCHA ရဲ့ စာရင်းအရ ငလျင်ကြောင့် မြန်မာပြည်သူ ၃၆၀၀ ကျော် သေဆုံးခဲ့ပြီး ၄၈၀၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ၁၄၁ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဧပြီ ၁၁ရက်မှာ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ငလျင်ဘေးသင့်ပြည်သူ ၁.၁သန်းဆီ အရေးပေါ်အကူအညီနဲ့အတူ ၂၀၂၅ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုန့်ပြန်ရေးအစီအစဥ်ကို အမေရိကန်ဒေါ်လာ ၂၇၅ သန်း ဖြည့်ဆည်းပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

နောက်ပြီး ကုလသမဂ္ဂဗဟိုအရေးပေါ်ရန်ပုံငွေအဖွဲ့က ငလျင်တုန့်ပြန်ဆောင်ရွက်ရေးအတွက် ဒေါ်လာ ၅သန်း ထပ်မံ ခွဲဝေပေးခဲ့ပြီး အဲဒီဟာ ပထမပေးအပ်ထားပြီးဖြစ်တဲ့ ဒေါ်လာ ၅ သန်းကို ထပ်မံဖြည့်စွက်လိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ဧပြီ ၁၁ရက်ထုတ်ပြန်ချက်မှာ စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ပြီး ငလျင်ဘေးသင့်ပြည်သူတွေအပေါ် ထိရောက်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိနိုင်အောင် ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒီနေ့ မနက်ပိုင်း ရှင်းလင်းပြောကြားမှုမှာ အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ အခုလိုသဘာဝဘေးအန္တရာယ်ကြောင့်ရရှိတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို စစ်ရေးအတွက် အသုံးပြုနေသလို နိုင်ငံရေးအရလည်း အမြတ်ထုတ်ဖို့ ကြိုးစားနေတာ အထင်အရှားမြင်နိုင်တယ်လို့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

Facebook