Connect with us

Hi, what are you looking for?

သတင်း

မဲဆောက်-မြဝတီတံတား နေ့ချင်းပြန်လက်မှတ်နှင့် ကူးသန်းခွင့် ပြန်ဖွင့်ပေး

ထိုင်းတာ့ခရိုင်တာဝန်ရှိသူများနှင့် မြန်မာ စစ်ကောင်စီတာဝန်ရှိသူများပူးပေါင်းဖွင့်လှစ်ခဲ့ကြသည်ဟု မဲဆောက်မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

မဲဆောက်-မြဝတီတံတား နေ့ချင်းပြန်လက်မှတ်နှင့် ကူးသန်းခွင့် ပြန်ဖွင့်ပေး
မဲဆောက်-မြဝတီတံတား နေ့ချင်းပြန်လက်မှတ်နှင့် ကူးသန်းခွင့် ပြန်ဖွင့်ပေး

နှစ်အတန်ကြာ ပိတ်ထားခဲ့ရသည့် ထိုင်း-မြန်မာနယ်စပ်မဲဆောက်-မြ၀တီ အမှတ်(၁) ချစ်ကြည်ရေးတံတားကို ယနေ့ ဇန်နဝါရီလ(၁၂)ရက် နံနက်ပိုင်းတွင် ပြန်ဖွင့်လိုက်ပြီဖြစ်သည်။

ထိုင်းတာ့ခရိုင်တာဝန်ရှိသူများနှင့် မြန်မာ စစ်ကောင်စီတာဝန်ရှိသူများပူးပေါင်းဖွင့်လှစ်ခဲ့ကြသည်ဟု မဲဆောက်မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ အမှတ်(၁) ချစ်ကြည်ရေးတံတားကို ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် (၂၀၂၀) ခုနှစ်က ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါတံတားကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းတာဝန်ရှိသူများက အကြိမ်ကြိမ်ကြိုးစားခဲ့သည်။

ဒါပေမယ့် မြန်မာနိုင်ငံဘက်က စစ်တပ်အာဏာသိမ်းမှု၏ ဖြစ်ပေါ်လာသည့် အကျိုးဆက်အခြေအနေ၊ မြ၀တီမြို့အနီး လေးကေကော်ဒေသနှင့် နယ်စပ်တစ်လျှောက်တိုက်ပွဲ၊ အာရှလမ်းမတိုက်ပွဲနှင့် တံတားနယ်စပ်ဂိတ်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများကြောင့် တံတားပြန်လည်မဖွင့်လှစ်နိုင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမယ့် ယနေ့ ဇန်နဝါရီ(၁၂)ရက်တွင် ထိုင်းတာ့ခရိုင်တာဝန်ရှိသူများ၏ ကြေငြာချက်အတိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားကို စစ်ကောင်စီနှင့် ထိုင်းတာဝန်ရှိသူများ ပူးပေါင်းပြီး တံတားဖွင့်ပွဲကို ပြုလုပ်သွားခဲ့သည်။

” မြန်မာနိုင်ငံဘက်လူတွေ မဲဆောက်ဘက်ကူးမယ်ဆိုရင်တော့ တစ်နေ့တာလက်မှတ် သွားလုပ်ရပါတယ်။ အရင်ကလို တစ်ပတ်စာ မပေးပါဘူး။ မနက်သွား ညပြန်ပဲဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် ကားတွေဝင်ပြီ လူတွေလည်း ဝင်ရောက်လာပြီဖြစ်ပါတယ်။ ထိုင်းဘက်ကလူတွေကတော့ လောလောဆယ် မြန်မာဘက်ကူးတာ မတွေ့ရသေးဘူးပေါ့” ဟု မဲဆောက်အခြေစိုက် သတင်းသမားတစ်ဦးက ပြောသည်။

ယခုလို မြ၀တီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်နိုင်သည့်အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောဆိုထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။

သတင်း

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။