Connect with us

Hi, what are you looking for?

သတင်း

မဲဆောက်၌ ဖမ်းဆီးခံရသူများထဲတွင် ​တော်လှန်​ရေးသမားကိုစုံစမ်းရန်လွှတ်ထား​သောစစ်တပ်နှင့်ရဲကတ်ကိုင်ဆောင်သူအချို့ပါဝင်

အဖမ်းခံရသူများထဲတွင် သဘာ၀တရားရိပ်သာမှ ဘုန်းကြီးအချို့ပါဝင်ပြီး ၎င်းတို့သည် မဲဆောက် ရောက် အထောက်အထားမဲ့ မြန်မာများကို ကူညီရန် ပြောဆိုခြင်း၊ စာရင်းကောက်ယူခြင်းများ ပြီးခဲ့သည့် လအနည်းငယ်ကတည်းက လုပ်နေသည်ဟု မဲဆောက်သို့ရောက်ရှိနေသူတစ်ဦး က ပြောသည်။

(မဲ​ဆောက်တွင်ထိုင်းရဲများနှင့်ဖမ်းဆီးခံရသူများကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-Matichon)
(မဲ​ဆောက်တွင်ထိုင်းရဲများနှင့်ဖမ်းဆီးခံရသူများကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-Matichon)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်၌ ယမန်နေ့တွင် အထောက်အထားမဲ့မြန်မာများကို ဖမ်းဆီးရာ တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်ကတ်ကိုင်ဆောင်သူအချို့ကို တွေ့ခဲ့ရကြောင်း မဲဆောက်ရှိ မြန်မာ အချို့က ပြောသည်။

မဲဆောက်အာဏာပိုင်များက မယ်ပရပ်ကွက်ရှိ ၃ ထပ်တိုက်တစ်လုံးကို ယမန်နေ့တွင် ဝင်ရောက် ဖမ်းဆီးရာ ဘုန်းကြီး၊ သီလရှင်များအပါအဝင် အထောက်အထားမဲ့မြန်မာ ၃၈ ဦးကို တွေ့ရှိခဲ့ ကြောင်း ထိုင်းသတင်းဌာန Matichon က ဖော်ပြသည်။

အဆိုပါသတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါတရားမဝင်မြန်မာများထဲတွင် အချို့သည် မဲဆောက်ရှိ တော် လှန်ရေးအဖွဲ့အစည်းများကို စုံစမ်းထောက်လှမ်းရန် စစ်ကောင်စီက စေလွှတ်လိုက်သော သူလျှို များဖြစ်သည်ဟု သိရသည်။

စစ်​ကောင်စီကလွှတ်လိုက်​သူအချို့သည်မဲ​ဆောက်မှတစ်ဆင့် ဘန်​ကောက်အထိ့သွား၍ ​တော်လှန်​ရေးသတင်းများကို​ထောက်လှမ်းရန် စီစဥ်ထားကြခြင်းဖြစ်​ကြောင်းလည်းသတင်းတွင်​ဖော်ပြထားသည်။၎င်းတို့ကို လူဝတ်လဲ၍ ထိုင်းလဝကနှင့် ထိုင်းရဲများကစစ်​ဆေးခဲ့​ကြောင်းလည်းသိ့ရသည်။

Public Service Announcement

Public Service Announcement

(မဲ​ဆောက်တွင်ထိုင်းရဲများနှင့်ဖမ်းဆီးခံရသူများကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-Matichon)
(မဲ​ဆောက်တွင်ထိုင်းရဲများနှင့်ဖမ်းဆီးခံရသူများကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-Matichon)

မဲဆောက်ရှိ မြန်မာတစ်ဦးက “မနေ့က ဝင်ရှာတော့ အဖမ်းခံရသူတွေထဲမှာ စစ်တပ်က ထုတ်ပေး ထားတဲ့ကတ်တို့၊ ရဲကတ်တို့ ကိုင်ဆောင်သူတွေကို တွေ့ရတယ်လို့ ပြောတယ်။ အခု အဖမ်းခံရတဲ့ ပုံစံက စစ်တပ်က လွှတ်လိုက်တဲ့ ထောက်လှမ်းရေးလို့ သိလို့မဟုတ်ဘဲ တိုင်တဲ့သူရှိလို့ ဝင်ဖမ်းတဲ့ သဘော” ဟု ပြောသည်။

အဖမ်းခံရသူများထဲတွင် သဘာ၀တရားရိပ်သာမှ ဘုန်းကြီးအချို့ပါဝင်ပြီး ၎င်းတို့သည် မဲဆောက် ရောက် အထောက်အထားမဲ့ မြန်မာများကို ကူညီရန် ပြောဆိုခြင်း၊ စာရင်းကောက်ယူခြင်းများ ပြီးခဲ့သည့် လအနည်းငယ်ကတည်းက လုပ်နေသည်ဟု မဲဆောက်သို့ရောက်ရှိနေသူတစ်ဦး က ပြောသည်။

“ပြောရရင်ဗျာ သဘာ၀တရားရိပ်သာဆိုတာ အရင် မဘသနဲ့ဆက်နွှယ်တာပဲ။ သူတို့တွေက ပြီးခဲ့တဲ့ ၂၊ ၃ လကတည်းက ဒီက ဒုက္ခရောက်တွေကို ဆီပေးမယ်၊ ဆန်ပေးမယ် ဆိုပြီး စာရင်းကောက်ယူတာ ဘာညာလုပ်တယ်။ တချို့ကလည်း တကယ် အခက်ကြုံနေတော့ စာရင်းပေးတာ။ လှူ တာ ကမ်းတာ လက်ခံတာရှိမယ်ထင်တယ်။ အရင်ကတည်းက သိပ်မရိုးသားလို့ ခပ်ကင်းကင်းနေ ခဲ့တာ” ဟု ၎င်းက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားများ မဲဆောက်သို့အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းရဲများ၏ စစ်ဆေးဖမ်းဆီးမှုများသာမက မြန်မာစစ်တပ်၏ သူလျှိုများ၏ အန္တရာယ်ကိုလည်း သတိထားနေထိုင်ရကြောင်း မြန်မာတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။