Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ်တွင် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဆေးရုံသို့တင်ပို့ထားရသူ ၁၇ဦးရှိ

မီးသတ်တပ်ဖွဲ့ နှင့်အတူ ရန်ကုန်မြို့ရှိ လူမှုကူညီရေး အသင်းများကကူညီကယ်ဆယ် ရေးများလုပ်ဆောင်ပေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

ဓာတ်ပုံ - မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကယ်ဆယ်ရေးအသင်း
ဓာတ်ပုံ - မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကယ်ဆယ်ရေးအသင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင်ဖြစ်ခဲ့သော အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် အသက်ရှုကြပ် မေ့လဲသူ ၂၀ဦးထက်မနည်းရှိပြီး ဆေးရုံသို့တင်ပို့ထားရသူ ၁၇ ဦးရှိကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှူကယ်ဆယ်ရေးအသင်းက အသိပေးထားသည်။

“အမိုးနီးယားဂတ်စ်အိုးယိုစိမ့်မှုကြောင့် အသက်ရှုကြပ်မေ့လဲသူ (၂ဝ) ဦးထက်မနည်းရှိ လက်ရှိတွင် အင်းစိန်ဆေးရုံသို့ အမျိုးသား(၇) ဦးနှင့် အမျိုးသမီး(၉) ဦး၊ ပေါင်း(၁၆) ဦး နှင့် မြောက်ဥက္ကလာဆေးရုံသို့ အမျိုးသမီး(၁) ဦးအား ဆေးကုသရန် ပို့ဆောင်ထားပြီး စိုးရိမ်ရသည့်အခြေအနေမျိုး မရှိတော့ကြောင်း သိရသည်။ “ဟု အဆိုပါ အသင်းက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၂ ရက် ည ၉ နာရီခန့်တွင် လှိုင်မြို့နယ် (၁၆) ရပ်ကွက် မာလာမြိုင် (၂)လမ်းရှိ ရတနာစုကုမ္ပဏီပိုင် ရေခဲစက်မှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ခဲ့သောကြောင့် အနီးပတ်ဝန်းကျင်မှ ပြည်သူများအသက်ရှူကြပ်ခြင်း ၊ မျက်လုံးစပ်ခြင်း စသည့် လက္ခဏာများအပါအဝင်မေ့လဲသူများရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ထို့ကြောင့် မီးသတ်တပ်ဖွဲ့ နှင့်အတူ ရန်ကုန်မြို့ရှိ လူမှုကူညီရေး အသင်းများကကူညီကယ်ဆယ် ရေးများလုပ်ဆောင်ပေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

အနီးပတ်ဝန်းကျင်၌ ပြန့်နှံ့နေ‌သော ဓာတ်ငွေ့များကို လေမှုတ်စက်များဖြင့် ရှင်းလင်းပေးခဲ့ပြီး ည ၁၀ နာရီ ၄၇ မိနစ်တွင် ဓာတ်ငွေ့များကို ရှင်းလင်းနိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ သံလမ်းမှတ်တိုင်မှာ စစ်သားတွေ မူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်အနီးနား ရှိနေသူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊လှိုင်ရတနာအိမ်ရာရှိတိုက်ခန်းမီး‌လောင်မှုတွင် အမျိူသားတစ်ဦး‌ သေဆုံးကာ တစ်ဦးဒဏ်ရာရရှိ‌ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)YROက အသိပေးထားသည်။

သတင်း

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်ရတနာအိမ်ရာတွင် ယနေ့ (မတ်လ ၃) ညပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

သတင်း

ရန်ကုန်တိုင်း၊လှိုင်မြို့နယ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အရိုက်ခံရပြီး နောက် ပြည်သူအချို့ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေထိုင်သူအချို့က ပြော သည်။

Facebook