Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ်ရှိ ရေခဲစက်တွင် အမိုးနီးယား ယိုစိမ့်မှု ဖြစ်ပွား၊ ပြည်သူအချို့ သတိလစ်မူးလဲ၍ ဆေးရုံပို့​နေရ

အမိုးနီးယား ယိုစိမ့်မှုကြောင့် မူးလဲသွားသည့် ပြည်သူများကို လူမှုကူညီရေးအဖွဲ့များ ရောက်ရှိကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေကြောင်း လှိုင်မြို့နယ် ပရဟိတလူငယ်များအသင်းက ဆိုသည်။

ဓာတ်ပုံ - Aung Zaw Thant Facebook
ဓာတ်ပုံ - Aung Zaw Thant Facebook

ရန်ကုန်မြို့ လှိုင်မြို့နယ် အမှတ် (၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယား ယိုစိမ့်မှုများ ယနေ့ (ဇန်နဝါရီ ၁၂) ညပိုင်းတွင် ဖြစ်ပွားနေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

အဆိုပါ အမိုးနီးယား ယိုစိမ့်မှုကြောင့် ပြည်သူအချို့ အသက်ရှုကြပ်၍ မူးလဲမှုများလည်း ဖြစ်ပွားခဲ့ကြောင်း လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” ည ၉ နာရီကျော်လောက်မှာ အုတ်ကျင်း မိုးသောက်ရေသန့်စက်ရုံမှာ အမိုးနီးယား ယိုစိမ့်မှု ဖြစ်တာလို့ သိရတယ်။ အနံ့ကဂက်စ်အနံ့လိုပဲ တော်တော်ဆိုးတယ်။မာလာမြိုင် (၂) လမ်းထဲက လူတွေဆို မျက်စိတွေ စပ်တယ်။ အသက်ရှုကြပ်ပြီး မူးလဲတာတွေဖြစ်ကြတယ်။ အခုဆေးရုံကားတွေ အများကြီး ရောက်လာပြီး ခေါ်ဆောင်သွားတာတွေ့ရပါတယ် ” ဟု ၎င်းက ပြောသည်။

အမိုးနီးယား ယိုစိမ့်မှုကြောင့် မူးလဲသွားသည့် ပြည်သူများကို လူမှုကူညီရေးအဖွဲ့များ ရောက်ရှိကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေကြောင်း လှိုင်မြို့နယ် ပရဟိတလူငယ်များအသင်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လှိုင်မြို့နယ်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မှ LUF 60 မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၂)စီး တို့ဖြင့် သွားရောက်ကူညီနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က ဖော်ပြထားသည်။

အဆိုပါ အမိုးနီးယား ယိုစိမ့်မှု ဖြစ်ပွားသည့် အနီးအနားမှ ပြည်သူများအနေဖြင့် နှာခေါင်းစီး တပ်ဆင်ရန်၊ အမိုးနီးယားဓာတ်ငွေ့ ထိမိပါကရေများများဖြင့်ဆေးပေးရန်၊ အသက်ရှုကြပ်လာပါက အောက်ဆီဂျင် အရေးပေါ် ပေးရန်၊ ရေ (သို့) နွားနို့ သောက်ပေးရန်၊ လေဝင်လေထွက် ကောင်းမွန်သည့် နေရာသို့ ခတ္တခဏ ပြောင်းရွေ့ရန်နှင့် အခြေအနေ ဆိုးဝါးပါက ဆေးရုံသို့ အမြန်ဆုံး ခေါ်ဆောင်သွားရန် ဆရာဝန်တစ်ဦးက အကြံပြု ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်​ရေးအစိုးရ၏ အွန်လိုင်းကျန်မာ​ရေးဝန်​ဆောင်မှုများ​ဆောင်ရွက်​ပေး​နေ​သော တယ်လီကျန်းမာကလည်း” အရေးအကြီးဆုံးမှာချင်တာက အမိုးနီးယားနံ့က မျက်စိစပ်တယ်။ အသက်ရှုရမကောင်းဘူး သဘောပေါက်ပါတယ်။ ဒါပေမယ့် မလန့်ကြပါနဲ့၊ မကြောက်ကြပါနဲ့။ လန့်ရင်ကြောက်ရင် အသက်ပြင်းပြင်းနဲ့ မြန်မြန်ရှုမိပြီး အငွေ့တွေပိုရှုမိလို့ပါ။ အငွေ့နဲ့ ဝေးတဲ့နေရာ လေကောင်းလေသန့်ရတဲ့ နေရာကို သွားပါ။ အားလုံးပဲ တည်တည်ငြိမ်ငြိမ်နဲ့ အဆင်ပြေပြေဖြတ်ကျော်နိုင်ကြပါစေ ” ဟုအကြံပြု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ သံလမ်းမှတ်တိုင်မှာ စစ်သားတွေ မူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်အနီးနား ရှိနေသူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊လှိုင်ရတနာအိမ်ရာရှိတိုက်ခန်းမီး‌လောင်မှုတွင် အမျိူသားတစ်ဦး‌ သေဆုံးကာ တစ်ဦးဒဏ်ရာရရှိ‌ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)YROက အသိပေးထားသည်။

သတင်း

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်ရတနာအိမ်ရာတွင် ယနေ့ (မတ်လ ၃) ညပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

သတင်း

ရန်ကုန်တိုင်း၊လှိုင်မြို့နယ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အရိုက်ခံရပြီး နောက် ပြည်သူအချို့ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေထိုင်သူအချို့က ပြော သည်။