Connect with us

Hi, what are you looking for?

သတင်း

အ​ခေါက်ရွှေဈေးကျပ် ၂၈ သိန်းခွဲ​အထိတက်၊ ရွှေဆိုင်များအရောင်းပိတ်ထား

ကမ္ဘာဈေးမှာရွှေတစ်အောင်စလျှင် ၁၉၂၀ ​ဒေါ်လာပေါက်ပြီး ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်ကရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၈၂၀​ ရှိခဲ့သည်။

အ​ခေါက်ရွှေဈေးကျပ် ၂၈ သိန်းခွဲ​အထိတက်၊ ရွှေဆိုင်များအရောင်းပိတ်ထား
အ​ခေါက်ရွှေဈေးကျပ် ၂၈ သိန်းခွဲ​အထိတက်၊ ရွှေဆိုင်များအရောင်းပိတ်ထား

ပြည်တွင်းရွှေဈေးအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈သိန်းခွဲအထိ​ဈေးမြင့်တက်လာပြီးနောက် ပြည်တွင်းရွှေဆိုင်အချို့အခေါက်ရွှေရောင်းချမှုပိတ်ထားကြောင်း ရွှေလုပ်ငန်းငန်းရှင်များက​ပြောသည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာခြင်းဖြစ်ပြီး စစ်ကောင်စီက ရွှေဈေးမတက်ရန် ဖိအားပေးခြိမ်းခြောက်ထားခြင်းကြောင့် ရွှေဆိုင်များက ရည်ညွန်းဈေးအတိုင်းထုတ်မရောင်းနိုင်​တော့သဖြင့် အရောင်းပိတ်ထားခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက​ပြောသည်။

“ရွှေဆိုင်တွေကအခေါက်တုံးတွေထုတ်မရောင်းတာ ရည်ညွန်းဈေးကြောင့်ပါ၊ လက်ကျန်မရှိအောင်ဝယ်လိုအားများနေတာမဟုတ်ဘူး”ဟု ရန်ကုန်အခြေစိုက်ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ရွှေဈေးမြင့်တက်ခြင်းကြောင့် ပြန်လည်ရောင်းချသူများကိုလည်း ရွှေဆိုင်များက ရွှေတစ်ကျပ်သားကို ပေါက်ဈေးထက် အနည်းဆုံးကျပ် ငါးသောင်းမှ တစ်သိန်းအထိ ဈေးလျော့ဝယ်ယူနေကြောင်းလည်း ရွှေရောင်းချခဲ့သူများကပြောသည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းရွှေဈေးသည်ယနေ့(ဇန်နဝါရီ ၁၄ ရက်)တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၈၄၇,၀၀၀ကျပ်ပေါက်ဈေးရှိပြီး ၂၀၂၂ ဒီဇင်ဘာ ၃၁ရက်က အခေါက်ရွှေတစ်ကျပ်သားကို ၂,၇၀၆,၀၀၀သာပေါက်ဈေးရှိခဲ့၍ ၁၄ရက်အတွင်း ကျပ် ၁၄၀,၀၀၀ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာဈေးမှာရွှေတစ်အောင်စလျှင် ၁၉၂၀ ​ဒေါ်လာပေါက်ပြီး ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်ကရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၈၂၀​ ရှိခဲ့သည်။

စစ်ကောင်စီအလိုကျ လိုက်ပါ​ဆောင်ရွက်​နေ​သောရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၂၆၂,၀၀၀သာဈေးဖွင့်ထားသည်။ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားသည် ကျပ် ၂၇သိန်းသာရှိပြီး ထိုထက်ပိုရောင်းသူများကို အရေးယူမည်ဟု အဆိုပါအသင်းက ခြိမ်းခြောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး၊ ပျူ​စောထီး​တွေများတဲ့မန္တလေးမြို့မှာ ဒီက​နေ့ည​နေပိုင်းက ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားဝန်းကျင် ပါသွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံ တွေက ပြောပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ