Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီး နွားစျေးသို့လိုင်းကြေးလာတောင်းသည့် ရဲနှစ်ဦး ပစ်ခတ်ခံရ၊ လက်နက်နှင့် ကျည်များပါ သိမ်းဆည်းရမိ

ယနေ့ (ဇန်နဝါရီ ၁၄ ရက်)နံနက် ၉နာရီဝန်းကျင်က နွားထိုးကြီးမြို့၊ နွားစျေးကွင်းတွင် လိုင်းကြေးလာကောက်သော နယ်ထိန်းရဲတပ်ကြပ်သန်းဇော်မင်းဆိုသူနှင့် ၎င်း၏တပည့်ရဲတပ်သား အောင်ကျော်ဖြိုးတို့အား NPDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားကြောင်း NPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲနှစ်ဦးထံမှ သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-NPDF
ရဲနှစ်ဦးထံမှ သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-NPDF

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် နွားစျေးသို့ လိုင်းကြေးလာကောက်သည့် ရဲနှစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း Natogyi People Defence Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၁၄ ရက်)နံနက် ၉နာရီဝန်းကျင်က နွားထိုးကြီးမြို့၊ နွားစျေးကွင်းတွင် လိုင်းကြေးလာကောက်သော နယ်ထိန်းရဲတပ်ကြပ်သန်းဇော်မင်းဆိုသူနှင့် ၎င်း၏တပည့်ရဲတပ်သား အောင်ကျော်ဖြိုးတို့အား NPDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားကြောင်း NPDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၎င်းတို့ထံမှ အူစီ ၁ လက်၊ ကျည်ဘောက်၂ခု၊ (9MM) ကျည် ၁၅၆တောင့်နှင့် ဖုန်းတစ်လုံးတို့အား သိမ်းဆည်းနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“သူတို့ဘက်က ပြန်ပစ်နိုင်တဲ့ အခြေအနေမျိုးမရှိဘူး။ လာတာကလည်း ဆိုင်ကယ်နဲ့နှစ်ယောက်တည်းလာတယ်။ နွားစျေးကွင်းမှာ ဆပ်ကြေးကောက်တယ်။ ဂျင်ဝိုင်းတွေ ဆပ်ကြေးကောက်တယ်။ အဲဒါကို နွားစျေးကွင်းမှာ ရှင်းလိုက်နိုင်တာ။”ဟု NPDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အလောင်းနှစ်လောင်းအား ၁၅မိနစ်အကြာတွင် အင်အားအများအပြားဖြင့် လာရောက် သယ်ယူသွားကြောင်း သိရသည်။

နယ်ထိန်းနှင့် ရဲအပေါင်းအပါများသည် နွားထိုးကြီးမြို့နယ်အတွင်းရှိ ပြည်သူများထံမှ ခြိမ်းခြောက်၍ ငွေတောင်းခံခြင်း၊ လောင်းကစားသမားများထံမှ လိုင်းကြေးကောက်ခံခြင်း၊ နိူင်ငံရေးပုဒ်မဖြင့် ချိတ်ပိတ်ခံထားရသည့် ပစ္စည်းများ ခိုးယူလုယက်ခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သောကြောင့် သုတ်သင်ရှင်းလင်းခဲ့ရခြင်း ဖြစ်ကြောင်း NPDFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။