Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးပါဝင် သည့် စစ်အုပ်စုထောက်တိုင်များအား ပြင်းထန်စွာ အရေးယူမည်ဟု အုတ်ဖို(ပအဖ) သတိပေး

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်လုပ်ငန်းများတွင်ပါဝင်နေကြသူများအား ထိရောက်စွာ အရေးယူနိုင်ရေး အတွက် မှတ်တမ်းရယူ သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားသည်။

တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးပါဝင် သည့် စစ်အုပ်စုထောက်တိုင်များအား ပြင်းထန်စွာ အရေးယူမည်ဟု အုတ်ဖို(ပအဖ) သတိပေး
တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးပါဝင် သည့် စစ်အုပ်စုထောက်တိုင်များအား ပြင်းထန်စွာ အရေးယူမည်ဟု အုတ်ဖို(ပအဖ) သတိပေး

အကြမ်းဖက်စစ်အုပ်စု၏ လုပ်ငန်းများတွင်ပါဝင်သည့် စစ်ကောင်စီခန့် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနအသီးသီးမှ Non-CDM ဝန်ထမ်းများ၊ တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးတွင်ပါဝင်ဆောင်ရွက် နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၊ အကြမ်းဖက် စစ်အုပ်စု တည်တံ့ရေး ထောက်ပံ့ပေးနေသည့် ထောက်တိုင်များအား ပြင်းထန်ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပဲခူးတိုင်း အုတ်ဖိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်လုပ်ငန်းများတွင်ပါဝင်နေကြသူများအား ထိရောက်စွာ အရေးယူနိုင်ရေး အတွက် မှတ်တမ်းရယူ သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပရန်ရည်ရွယ်ပြီး ဒေသအသီးသီး၌ လူဦးရေ စာရင်းများ တအိမ်တက်ဆင်း ကောက်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး စာရင်းကောက်ယူမှုကို ဇန်နဝါရီ ၇ရက်မှ စတင်နေခြင်းဖြစ်သည်။

တရားမဝင် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ တာဝန်ပေး၍ ဆောင်ရွက်စေရန် ပြုလုပ်ခြင်း၊ အကြမ်းဖက် စစ်အုပ်စု၏ လုပ်ငန်းများတွင် ပါဝင်စေရန် တိုက်တွန်းခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း၊ ဝါဒဖြန့်ခြင်း၊ စုဆောင်းခြင်းများသည် အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေအရ ပြစ်မှုကျူးလွန်ခြင်းဖြစ်၍ စစ်အုပ်စု၏ တရားမဝင်လုပ်ငန်းများတွင် ပါဝင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုမိစေရန် အုတ်ဖို (ပအဖ)က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook