Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းပိုင်းအသုံးပြုမှုတားမြစ်ရခြင်းကို KNU ပြောခွင့်ရှိသူရှင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)၏ ထုတ်ပြန်ကြေငြာထားချက်အပေါ် ပြည်သူလူထုများအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာပေးကြပါရန် KNLA မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်များမှ အသိပေးပြောဆိုထားသည်။

ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်းပိုင်းအသုံးပြုမှုတားမြစ်ရခြင်းကို KNU ပြောခွင့်ရှိသူရှင်း
ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်းပိုင်းအသုံးပြုမှုတားမြစ်ရခြင်းကို KNU ပြောခွင့်ရှိသူရှင်း

ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းပိုင်းအသုံးမပြုဖို့တားမြစ်ရခြင်းက ခရီးသွားများထိခိုက်မည်စိုးသည့်အတွက်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)​ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်မြေအတွင်းတွင် လက်ရှိကာလ၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူလူထု ခရီးသွားလာရာတွင် အလွန်အန္တရာယ်ရှိသည့် အခြေအနေ ဖြစ်၍ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းတွင် ခရီးသည်တင်ယာဉ်များအနေဖြင့် ယနေ့ ဇန်နဝါရီလ(၁၆)ရက်မှ (၂၃)ရက်အထိ လုံး၀သွားလာခြင်းမပြုလုပ်ရန် တားမြစ်ထားကြောင်း ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)က စာထုတ်ပြန်ထားသည်။

” ပြီးခဲ့တဲ့တစ်ပတ်ကပဲ အဲ့ဒီမှာ တပ်ရင်း(၃)ရင်းစလုံး ဝင်ပြီးတော့ တိုက်ခိုက်တဲ့အနေအထားတစ်ခု ဖြစ်ပွားခဲ့တယ်။ ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေက အကြီးအကျယ်ဖြစ်နေတာရှိတဲ့အခါကျတော့ ပြည်သူလူထုသွားလိုက်လာရင် ထိခိုက်မှာဆိုတဲ့ အဲ့ဒီအကြောင်းအရာပဲဖြစ်ပါတယ်။ အဲ့ဒါလည်း လူထုအတွက်ပဲပြောတာဖြစ်ပါတယ်။ တခြားအကြောင်းအရာတော့ မရှိပါဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

Public Service Announcement
Public Service Announcement

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)၏ ထုတ်ပြန်ကြေငြာထားချက်အပေါ် ပြည်သူလူထုများအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာပေးကြပါရန် KNLA မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်များမှ အသိပေးပြောဆိုထားသည်။

Public Service Announcement

Public Service Announcement

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် ဇန်နဝါရီလ(၄)ရက်က စစ်ကောင်စီတပ်၏ တပ်ရင်းအခြေစိုက်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည်။

ယခုလို ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ချောင်း၀၊ အလယ်ရွာ၊ ကြခတ်ချောင်း၊ သမိန်လစ် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ဆင်ရေးများဝင်ရောက်လှုပ်ရှားနေသည့်အတွက် KNLA တပ်မဟာ(၆) မဟာမိတ်တပ်ပေါင်းစုနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ(၁၆၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်ဟု ဒေသခံအဖွဲ့အစည်းထံမှ သိရသည်။

ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး စစ်ဆင်ရေးဝင်ရောက်လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံအရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ကာ ပေါ်တာနှင့် လူသားဒိုင်းအဖြစ် အသုံးချခြင်း၊ အရပ်သားတချို့ကို ပစ်ခတ်သတ်ဖြတ်ခြင်းစသည်တို့ လုပ်ဆောင်ခဲ့သည်ဟု ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားချက်များရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။