Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ် ဖားအောက်တောရွာရှိ စစ်အုပ်စုတပ်စွဲရာနေရာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ဗုံးချတိုက်ခိုက်ပြီးနောက် စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့သည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

(အရာတော်မြို့အနောက်ထွက်တွင် စစ်ဆေးနေသော စစ်တပ်နှင့် ရဲများအား တွေ့ရစဥ်၊ ဓာတ်ပုံ - အရာတော်မြို့ Page၊ ပုံအဟောင်းကို အသုံးပြုထားပါ)
(အရာတော်မြို့အနောက်ထွက်တွင် စစ်ဆေးနေသော စစ်တပ်နှင့် ရဲများအား တွေ့ရစဥ်၊ ဓာတ်ပုံ - အရာတော်မြို့ Page၊ ပုံအဟောင်းကို အသုံးပြုထားပါ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ဖားအောက်တောကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဇန်နဝါရီလ ၁၆ ရက်) ညနေ၃ နာရီမိနစ် ၅၀ခန့်က အရာတော်မြို့နယ်၊ ဖားအောက်တောကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံး နှစ်ကြိမ်ချကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားကြောင်းDanger Force LPDFအဖွဲ့ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။

“ဖားအောက်တောက အရာတော် အနောက်မြောက်ဘက်မှာ ရှိတာပါ။ တပ်စွဲတာက နှစ်ရက်သုံးရက်လောက်ပဲရှိသေးတယ်။ အရင်ကလည်း မကြာခဏ တပ်စွဲဖူးတယ်။ စယသင်ကျောင်းထဲမှာတပ်စွဲထားတာပါ။ ဗုံးနှစ်လုံးဆက်တိုက်ချတာ ဗိုလ်တစ်ကောင်အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သတင်းရတယ်။”ဟု ဒရုန်းတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။

Public Service Announcement
Public Service Announcement

ဗုံးချတိုက်ခိုက်ပြီးနောက် စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့သည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Danger Force LPDF၊ Ngwe Dwin Revolution Force (NDRF)၊ MRTF တပ်ဖွဲ့၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊မိုင်းမင်းသား မြေအောက်ပျောက်ကျားတပ်ဖွဲ့တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Danger Force LPDF အဖွဲ့နှင့် တော်လှန်ရေးအင်အားစုများသည် ဇန်နဝါရီလ (၁၃)ရက် နံနက်ပိုင်းကလည်း အရာတော်မြို့အနောက်ဘက်ရှိ မြို့အဝင်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုရှိကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။