Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ရှိ ကော်မရှင်ရုံးကို မိုင်းခွဲသတိပေး

ဇန်နဝါရီ ၁၇ရက် ညနေပိုင်း၌ အင်းတော်မြို့ ရွေးကောက်ပွဲကော်မရှင်ရုံးအား ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(အင်းတော်မြို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ - IR)
(အင်းတော်မြို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ - IR)

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းပစ်၍ ကလေးငယ်အပါအဝင် နှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း အင်းတော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရုံးကို သတိပေးသည့်အနေဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ် (PDF)မှ ရဲဘော်တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၇ရက် ညနေပိုင်း၌ အင်းတော်မြို့ ရွေးကောက်ပွဲကော်မရှင်ရုံးအား ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” မဲကော်မရှင်ရုံးကို မိုင်းခွဲပြီး သတိပေးခဲ့တယ်။ အထိအခိုက်တော့မရှိဘူး။ သတိပေးတဲ့အနေနဲ့ ဆိုတော့။ ခွေးတွေ (စစ်ကောင်စီတပ်သားတွေ) ရမ်းပစ်တာတော့ သူတို့ရမ်းပစ်တဲ့ လက်နက်ကြီးက မြို့ထဲကိုကျတာ။ လူသွားလူလာများတဲ့နေရာကျတော့ သုံးနှစ်အရွယ် ကလေးတစ်ယောက်နည်း နည်းထိတယ်။ နောက် အသက် ၃၀ဝန်းကျင် အမျိုးသားတစ်ယောက်ထိတယ်။ အသက်အန္တရာယ်တော့မစိုးရိမ်ရပါဘူး”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

ကော်မရှင်ရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ အင်းတော်သင်္ချိုင်းကုန်း ဘက်သို့ ၂လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အင်းတော်မြို့စျေး အရှေ့ပေါက်သို့ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လူဦးရေစာရင်း ကောက်ယူမှုများ လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီ၏ လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်သူများကို ပြင်းထန်စွာ အရေးယူမည်ဟု သက်ဆိုင်ရာဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာတွေမှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံသတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။