Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့အနီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ လင်မယားနှစ်ဦး ထိမှန်ပြီး အမျိုးသားသေဆုံး

“ကလေးတွေ သုံးယောက်ကျန်တယ်။ အကြီးဆုံးကတော့ ၇တန်းအရွယ်။ ကျန်တဲ့အငယ်တွေက ဘယ်နှစ်နှစ်တွေလည်းမသိဘူး။” ဟု ဒေသခံက ပြောသည်။

အင်းတော်မြို့အနီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ လင်မယားနှစ်ဦး ထိမှန်ပြီး အမျိုးသားသေဆုံး
အင်းတော်မြို့အနီး စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ လင်မယားနှစ်ဦး ထိမှန်ပြီး အမျိုးသားသေဆုံး

ကလေးငယ်သုံးဦးကျန်နေဟု ဒေသခံပြော

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်၍ စစ်ကိုင်းတိုင်း အင်းတော်မြို့အနီးတွင် ပဲစိုက်ခင်းလုပ်ငန်းခွင်ဝင်နေသည့် လင်မယားနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း အင်းတော်ဒေသခံက ပြောသည်။

ဇန်နဝါရီ ၁၂ရက် နံနက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့၍ အင်းတော်မြို့အနီး အင်းပတ်လမ်းရှိ စိုက်ခင်း၌ လုပ်ငန်းခွင်ဝင်နေသည့် လင်မယား နှစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့တုန်းက ခ…(စစ်ကောင်စီတပ်သား)တွေ ရမ်းပစ်လို့ ပဲပေါင်းထိုးနေတဲ့ ပြည်သူ နှစ် ယောက်ထိမှန်တယ်။ အမျိုးသား ဖြစ်သူကတော့ ဆုံးသွားတယ်။ သူ့မိန်းမကတော့ ဆေးကုသမှုခံယူနေတယ်” ဟု ဒေသခံက ပြောသည်။

အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသားအား ယမန်နေ့ နေ့လည်ပိုင်း၌ပင် သင်္ဂြိုလ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကလေးတွေ သုံးယောက်ကျန်တယ်။ အကြီးဆုံးကတော့ ၇တန်းအရွယ်။ ကျန်တဲ့အငယ်တွေက ဘယ်နှစ်နှစ်တွေလည်းမသိဘူး။” ဟု ဒေသခံက ပြောသည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်နေသကဲ့သို့ ဒေသတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ မြို့ပေါ် ပြည်သူများအား တင်းကြပ်စွာစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်