Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတွင် စစ်အုပ်စုတပ်စွဲရာကို ဒေသတွင်းPDFများ သွားရောက် တိုက်ခိုက်

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်လေး (အနောက်)နှင့် ယောရွာအထိုင်ချ စစ်တပ်နှင့် ပျူစောထီးများအား ကန့်ဘလူခရိုင် မဟာမိတ်အဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(သေဆုံးခဲသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(သေဆုံးခဲသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

စစ်ကူလာ စစ်အုပ်စုကိုထပ်မံတိုက်ခိုက်ရာ ရှစ်ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲရာ ကျေးရွာကိုသွားရောက်တိုက်ခိုက်ချိန် စစ်ကူလာသည့် စစ်အုပ်စုကိုပါ ထပ်မံတိုက်ခိုက်ရာ ရှစ်ဦးထက်မနည်းသေဆုံးကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်လေး (အနောက်)နှင့် ယောရွာအထိုင်ချ စစ်တပ်နှင့် ပျူစောထီးများအား ကန့်ဘလူခရိုင် မဟာမိတ်အဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်) မွန်းလွဲ ၁ နာရီ ၄၅မိနစ်ခန့်က ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်လေး (အနောက်)ရွာ၌ အထိုင်ချထားသည့် အင်အား ၂၀ကျော်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား (၆၀) မမ လက်နက်ကြီးရှစ်လုံးဖြင့် မဟာမိတ်အဖွဲ့များက စတင် ပစ်ခတ်ခဲ့သည်။

(သေဆုံးခဲသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(သေဆုံးခဲသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်ခြင်းမရှိခဲ့ကြောင်း၊ ညောင်ဇင်လေးကျေးရွာအား ပစ်ခတ်နေချိန် ထန်းကုန်း၊ယောကျေးရွာ အထိုင်စခန်းမှ တပ်ကူလာသော အင်အား(၂၀)ကို ဘိုတဲကုန်းရွာနှင့်ဆူးပုတ်ကုန်းရွာကြားရှိ မူးဘောင်လမ်းမိုင်းပွိုင့်တွင် မဟာမိတ်တပ်ဖွဲ့များက ထပ်မံပြီး မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသည့် စစ်အုပ်စုသည် ညနေ ၄နာရီခွဲခန့်တွင် ယောရွာထိပ်၌ အင်အား ၆၀ခန့်အထိ ထပ်တိုးဖြည့်နေစဉ် မဟာမိတ်များက ဒရုန်းဖြင့် ဗုံးသီး တစ်လုံး၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ်၃၀ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း မြေပြင်လှုပ်ရှားညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူဘက်က ရှစ်ဦးထက်မနည်း သေဆုံးကာ အပြင်းအထန် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း၊ နယ်မြေအသာစီးဖြင့် တိုက်ခိုက်ခဲ့သည့် မဟာမိတ်တပ်ဖွဲ့များဘက်ကမူ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

“ကျွန်တော်တို့က ကြားဖြတ်နေရာတွေယူတယ်။ သူတို့တပ်ကူလာမယ်ဆိုတာ ကောင်းကောင်း သိတယ်။ ဘိုတပ်ကုန်းကနေ ကြားဖြတ်စောင့်ပြီး တိုက်ခိုက်။ တိုက်ခိုက်ပြီးရင် သူတို့ပြန်လှည့်ပြီးတော့မှ ယောရွာကို ပြန်စု၊ စုတဲ့အချိန်မှာ ယောရွာဘက်ကနေ တစ်ခါပြန်တိုက်ခိုက် အဲဒီပုံစံမျိုးပေါ့”ဟု မြေပြင်လှုပ်ရှားညီနောင်များအဖွဲ့က ကိုတက်တိုးက ပြောကြားသည်။

“မနေ့က ထန်းကုန်းတိုက်နယ် ယောမှာ ညနေ ၄နာရီလောက်ကစပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ ညနေ ၆နာရီလောက်မှာ ဌာနေပြန်ရောက်ကြတယ်။ စစ်ကောင်စီဘက်က ရှစ်ယောက်အနည်းဆုံးကျတယ်။ မဟာမိတ်တွေဘက်က ထိခိုက်မှုမရှိခဲ့ပါဘူး”ဟု ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကန့်ဘလူဒေသ၏ ၉၀ရာခိုင်နှုန်းခန့်အထိကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စိုးမိုးထားပြီး ကျေးရွာအလိုက် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ပေါင်းစုံသည် စစ်ကောင်စီတော်လှန်တိုက်ခိုက်ရေးကို တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ ဒေသမှာ လိုကယ်တွေရော၊ ပကဖတွေရော၊ ပလဖတွေရော၊ပအဖတွေရော၊ ရင်းတွေရောက အကုန်ပူးပေါင်းပြီး ချနေကြပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ၊ ကန့်ဘလူရပ်ကျေး (ပကဖ)များ ၊ကန့်ဘလူခရိုင်တပ်ရင်း(၄) လှုပ်ရှားရေးအဖွဲ့၊Dynamite Empire၊MPF U-18၊ဒေသခံLDFအဖွဲ့၊ မြေပြင်လှုပ်ရှား ညီနောင်များနှင့် ကျွန်ုပ်တို့ Kanbalu underground warriorsအဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။