Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်ထဲ မီတာခမဆောင်လို့ကျေးရွာ ၁၀၀ ကျော် မီးဖြတ်ခံရ

မီတာခမဆောင်ရင် မီးဖြတ်တဲ့အပြင် တရားစွဲတာကိုလည်း ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက်ခံထားရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲ မီတာခမဆောင်လို့ကျေးရွာ ၁၀၀ ကျော် မီးဖြတ်ခံရ
ပုသိမ်ကြီးမြို့နယ်ထဲ မီတာခမဆောင်လို့ကျေးရွာ ၁၀၀ ကျော် မီးဖြတ်ခံရ

မီတာခမဆောင်လို့ဆိုပြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာအားလုံးနီးပါး လျှပ်စစ်မီးဖြတ်တောက်ခံထားရတယ်လို့ လျှပ်စစ်ဝန်ထမ်းတွေနဲ့ ဒေသခံတွေထံကနေ စုံစမ်းသိရပါတယ်။

ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးက မီးဖြတ်ထားတာဖြစ်ပြီး ကျေးရွာအလိုက် ရွာလုံးကျွတ် မီတာခကြွေးကျန် ဆောင်ပြီးမှသာ မီးပြန်ပေးမှာဖြစ်တာကိုသိရတယ်လို့ မီးဖြတ်ခံရတဲ့ ရွာ မှာနေထိုင်သူ ဒေသခံတစ်ဦးကပြောပါတယ်။

” မီတာဆောင်တဲ့အိမ်ကော မဆောင်တဲ့အိမ်ကောဖျက်ထားတယ်၊အားလုံးဆောင်ပြီးမှ ပေးမယ်လို့ပြောတယ်”လို့ မီးဖြတ်ခံရတဲ့ ကျောက်မီးကျေးရွာ ဒေသခံ ကပြောပါတယ်။

မီတာခမဆောင်ရင် မီးဖြတ်တဲ့အပြင် တရားစွဲတာကိုလည်း ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက်ခံထားရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို စစ်အုပ်စုက ဖိအားပေးတဲ့အတွက် မီတာခသွားရောက်ပေးဆောင်ရသူတွေလည်းရှိနေပါတယ်။

ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ကျေးရွာအုပ်စု ၅၈ခုနဲ့ ကျေးရွာပေါင်း၁၄၀နီးပါးရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မှာ ဧပြီလအတွင်း မီးပျက်ချိန်များခဲ့ပေမယ့် မီတာခတွေ တော့ အရင်လတွေထက် သိသိသာသာတိုးသွားတာကြောင့် စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို စစ်တပ်ကစစ်​ကြောင်း​တွေထိုးဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်​ပြေးတိမ်း​ရှောင်နေရပြီး အရေးပါ်အကူအညီ တွေလည်း လိုအပ် နေတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။