Connect with us

Hi, what are you looking for?

သတင်း

Free Burma Rangers သင်တန်းဆင်းပွဲမှာ ယူကရိန်းက အထူးဧည့်သည်တော်ကအားပေးစကားပြော

ဂျူလီရဲ့ ဖခင်ဟာ ယူကရိန်းရဲ့ ရှေ့တန်း တစ်နေရာမှာ ရုရှား ကျူးကျော်ရေးသမားတွေကို စွမ်းစွမ်းတမံ ခုခံနေပြီး သူ့ရဲ့ မတ်တော်စပ်သူကတော့ အခုနှစ် အစောပိုင်းကမှ တိုက်ပွဲကျသွားခဲ့ပါတယ်။

(Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲနှင့်လာ​ရောက်အား​ပေးခဲ့​သော ယူကရိန်းနိုင်ငံသူ ။ ။ဓါတ်ပုံ-FBR)
(Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲနှင့်လာ​ရောက်အား​ပေးခဲ့​သော ယူကရိန်းနိုင်ငံသူ ။ ။ဓါတ်ပုံ-FBR)

Free Burma Rangers (FBR)အဖွဲ့ရဲ့ သင်တန်းဆင်းပွဲမှာ ယူကရိန်း နိုင်ငံသူ အထူးဧည့်သည်တော် တစ်ဦးက သင်တန်းသူ သင်တန်းသားတွေကို လာရောက် အားပေးစကား ပြောကြားခဲ့ပါတယ်။

ဂျူလီလို့သာ နာမည်ဖော်ပြထားတဲ့ အမျိုးသမီးဟာယူကရိန်း စစ်မြေပြင်မှာ သွားရောက် ကူညီပေးနေတဲ့ Free Burma Rangersရဲ့ မိတ်ဆွေတစ်ဦးနဲ့ လက်ထပ်ခဲ့တဲ့နောက် အဖွဲ့အစည်းရဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်မှုတွေအကြောင်း သိရှိခဲ့ပါတယ်။ အဲဒီနောက် ဂျူလီက မြန်မာနိုင်ငံကို ကိုယ်တိုင် လာရောက်ပြီး သင်တန်းဆင်းပွဲမှာ အားပေးစကား ပြောချင်တယ်လို့ ဆက်သွယ်ခဲ့တာပါ။

ဂျူလီရဲ့ ဖခင်ဟာ ယူကရိန်းရဲ့ ရှေ့တန်း တစ်နေရာမှာ ရုရှား ကျူးကျော်ရေးသမားတွေကို စွမ်းစွမ်းတမံ ခုခံနေပြီး သူ့ရဲ့ မတ်တော်စပ်သူကတော့ အခုနှစ် အစောပိုင်းကမှ တိုက်ပွဲကျသွားခဲ့ပါတယ်။

(Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲနှင့်လာ​ရောက်အား​ပေးခဲ့​သော ယူကရိန်းနိုင်ငံသူ ။ ။ဓါတ်ပုံ-FBR)
(Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲနှင့်လာ​ရောက်အား​ပေးခဲ့​သော ယူကရိန်းနိုင်ငံသူ ။ ။ဓါတ်ပုံ-FBR)

၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်မှာတော့ ရုရှားရဲ့ကျူး​ကျော်စစ်ကို သတ္တိ​ပြောင်​မြောက်စွာတွန်းလှန်တိုက်ခိုက်​နေတဲ့ ယူကရိန်နိုင်ငံက ဂျူလီဟာ Free Burma Rangersရဲ့ သင်တန်း

Public Service Announcement

Public Service Announcement

သားတွေကို အားပေးစကား ပြောချင်တဲ့ ဆန္ဒတွေ ပြည့်ဝသွားခဲ့ပါတယ်။ ဂျူလီက ယူကရိန်း နိုင်ငံသူ တစ်ဦးအနေနဲ့ စစ်ပွဲကြောင့် ထိခိုက်နာကျင်ရမှု ဘယ်လောက် ကြီးမားတယ် ဆိုတာကို ကောင်းကောင်း နားလည်ပြီး မြန်မာ ပြည်သူတွေအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။ ပြီးတော့ ဘုရားသခင်ဟာ ယူကရိန်းနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲဒုက္ခ ခံစားနေရတဲ့ ပြည်သူတွေကို ပစ်မထားဘူးလို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။

(Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲနှင့်လာ​ရောက်အား​ပေးခဲ့​သော ယူကရိန်းနိုင်ငံသူ ။ ။ဓါတ်ပုံ-FBR)
(Free Burma Rangers ၏ ဒီဇင်ဘာလကုန်ပိုင်းသင်တန်းဆင်းပွဲနှင့်လာ​ရောက်အား​ပေးခဲ့​သော ယူကရိန်းနိုင်ငံသူ ။ ။ဓါတ်ပုံ-FBR)

Free Burma Rangersဟာ အဲဒီ အခမ်းအနားမှာ Ranger သစ် ၂၀၅ ဦးနဲ့ တိုင်းရင်းသား မျိုးနွယ်စု ၇ ခုက ကျွမ်းကျင် Ranger ၇၁ ဦးတို့ကို ခေါင်းဆောင်မှုနဲ့ ကယ်ဆယ်ရေးဆိုင်ရာ သင်တန်းဆင်း လက်မှတ်တွေ ပေးအပ်ခဲ့တယ်လို့ အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မနှစ်ကစပြီး သင်တန်းဆင်းသူတွေထဲမှာ မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေ ဗမာလူမျိုးတွေလည်း ပါဝင်လာပြီး စစ်အာဏာရှင်ကို တွန်းလှန် တိုက်ခိုက်ဖို့ လူများစု ဗမာတွေကပါ တစ်သားတည်း ရပ်တည်နေတယ်ဆိုတဲ့ နောက်ထပ် လက္ခဏာတစ်ခု ဖြစ်တယ်လို့ Free Burma Rangersက ဆိုပါတယ်။

သင်တန်းဆင်းလက်မှတ် ရရှိသွားတဲ့ Ranger အသစ်တွေထဲမှာ ရခိုင်၊ ဗမာ၊ ထားဝယ်၊ ကချင်၊ ကရင်၊ ကရင်နီနဲ့ ရှမ်းတိုင်းရင်းသားတွေ ပါဝင်ခဲ့သလို ကိုးကွယ်ယုံကြည်မှု ကွဲပြားသူတွေကိုလည်း လေ့ကျင့်သင်ကြားမှုတွေမှာ ကြိုဆို လက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ Ranger အသစ်တွေဟာ မြန်မာနိုင်ငံမှာ ဖိနှိပ်တိုက်ခိုက်မှုတွေ ကြုံတွေ့ ခံစားနေရတဲ့ ပြည်သူတွေအတွက် အကူအညီ၊ မျှော်လင့်ချက်နဲ့ မေတ္တာတရားတွေ ကူညီ ဖြည့်စွမ်းပေးဖို့ ပူးပေါင်း မစ်ရှင်တွေကို တာဝန်ထမ်းဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

Free Burma Rangersဟာ ခရစ်ယာန် တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေး လှုပ်ရှားမှု အဖွဲ့တစ်ခုအဖြစ် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် ၊ကရင်နီပြည်နယ် စတဲ့ စစ်တပ်​ကြောင့် ပြင်းထန်စွာထိခိုက်ခံစား​နေရတဲ့ပြည်သူ​တွေကို အ​ရေး​ပေါ်ကယ်ဆယ်​ရေး ၊ကျန်းမာ​ရေး​စောင့်​ရှောက်မှုစတဲ့အကူအညီ​တွေကို စစ်ပွဲ​တွေနဲ့အနီးဆုံး​နေရာအထိ့သွား​​ရောက်ကူညီ​ပေး​နေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို မျက်နှာချင်းဆိုင် စကားပြောဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားက အဆိုပြုခဲ့တဲ့ ၃ ရက်ကြာ အပစ်အခတ် ရပ်စဲရေးကာလ မစတင်ခင် ရုရှားရော၊ ယူကရိန်းပါ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဒရုန်းတိုက်ခိုက်မှုနဲ့ ကြုံခဲ့တဲ့နောက် မော်စကို မြို့တော်မှာရှိတဲ့ လေဆိပ်ကြီးတွေ အားလုံးကို ယာယီ ပိတ်ထားရကြောင်း ရုရှားက ပြောပါတယ်။

Facebook