Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတွင် PDF စခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်သည် စဥ့်ကူးနယ်၊ ဧရာဝတီမြစ်ဘေး ကျေးရွာများ၌လည်း တပ်စွဲထားပြီး မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကိုင်း၊ ရွှေဘိုနှင့် ဝက်လက်နယ်များဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ထုံးဘိုရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်နှင့် ကျဆုံးခဲ့သော ရဲဘော်အား တွေ့ရစဉ်၊ ဓာတ်ပုံ-နဂါးနီပြောက်ကျားတပ်ဖွဲ့
ထုံးဘိုရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်နှင့် ကျဆုံးခဲ့သော ရဲဘော်အား တွေ့ရစဉ်၊ ဓာတ်ပုံ-နဂါးနီပြောက်ကျားတပ်ဖွဲ့

▪️အနီးရှိ ကျေးရွာက နေအိမ်၂ဝခန့် မီးရှို့ခံရပြီး အမျိုးသားတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်၊ ထုံးဘိုရွာအနီးရှိ နဂါးနီပြောက်ကျားတပ်ဖွဲ့နယ်မြေစခန်း စီးနင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော် တစ်ဦးနှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၁၇ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ထုံးဘိုကျေးရွာသို့ စစ်ကောင်စီဘက်က ပစ်ခတ်ဝင်ရောက်ခဲ့ရာ နဂါးနီပြောက်ကျားတပ်ဖွဲ့စခန်း စီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော်ရဲဇင်ထွန်း ကျဆုံးခဲ့ကြောင်း မတ္တရာမြို့နယ်အ​ခြေစိုက် နဂါးနီပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အခြားရဲဘော်နှစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်အား မတ္တရာမြို့နယ် ကောင်းကင်တော်လှန်ရေးအင်အားစုနှင့် စစ်ကိုင်းမြို့နယ် (ပ.က.ဖ)၊ ဝက်လက်မြို့နယ် မဟာမိတ်တပ်ဖွဲ့ များပူးပေါင်း၍ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့က ဆိုသည်။

သို့သော် စစ်ကောင်စီတပ်က ထုံးဘိုရွာရှိ နေအိမ်အလုံး (၂၀)ခန့်နှင့် အသက် (၄၀)နှစ် အရွယ်အမျိူးသားတစ်ဦးအား မီးရှို့သတ်ဖြတ်သွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့က ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

“နှစ်ဦးကျတယ်လို့တော့ကြားတယ်။ ပြည်သူတွေကတော့ နီးစပ်ရာရွာတွေ ကိုင်းတောတွေထဲထွက်ပြေးတိမ်းရှောင်နေရတယ်။”ဟု စစ်ကိုင်းမြို့နယ်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက် ညပိုင်းက စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နဂါးနီပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် စဥ့်ကူးနယ်၊ ဧရာဝတီမြစ်ဘေး ကျေးရွာများ၌လည်း တပ်စွဲထားပြီး မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကိုင်း၊ ရွှေဘိုနှင့် ဝက်လက်နယ်များဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။