Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံရဲ့သက်တမ်းအရင့်ဆုံးစာရင်းဝင်ကက်သလစ် ဘုရားကျောင်းကြီးမီးရှို့ဖျက်ဆီးခံရတဲ့အ​ပေါ်ပုပ်ရဟန်းမင်းကြီးဝမ်းနည်း​ကြောင်းမိန့်ဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ​ရေဦးမြို့နယ် ၊ချမ်းသာရွာက သက်တမ်း နှစ် ၁၀၀ ​ကျော်ရှည်လျားခဲ့တဲ့ သမိုင်းဝင် ဘုရားကျောင်းကြီးကို အာဏာသိမ်း စစ်ကောင်စီတပ်​တွေက မီးရှို့ ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။

ဗာတိကန်နန်း​တော်တွင် ဆု​တောင်းခြင်းအခမ်းအနား၌ပုပ်ရဟန်းမင်းကြီးကို​တွေ့ရစဥ် ။ ဓါတ်ပုံ-Vaticannwes
ဗာတိကန်နန်း​တော်တွင် ဆု​တောင်းခြင်းအခမ်းအနား၌ပုပ်ရဟန်းမင်းကြီးကို​တွေ့ရစဥ် ။ ဓါတ်ပုံ-Vaticannwes

ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံရဲ့ သက်တမ်း အရင့်ဆုံး စာရင်းဝင် ကက်သလစ် ဘုရားကျောင်းကြီး တစ်ခုဖြစ်တဲ့”ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ် တော်သခင်မ’ ခရစ္စယာန်ဘုရားရှိခိုးကျောင်းမီးရှို့ ဖျက်ဆီးခံရတဲ့အ​ပေါ် ဝမ်းနည်းမိကြောင်း မိန့်ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ​ရေဦးမြို့နယ် ၊ချမ်းသာရွာက သက်တမ်း နှစ် ၁၀၀ ​ကျော်ရှည်လျားခဲ့တဲ့ သမိုင်းဝင် ဘုရားကျောင်းကြီးကို အာဏာသိမ်း စစ်ကောင်စီတပ်​တွေက မီးရှို့ ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သား​တွေက ချမ်းသာရွာလယ်မှ ‘ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ် တော်သခင်မ’ ခရစ္စယာန်ဘုရားရှိခိုးကျောင်းမှာ ဇန်နဝါရီ ၁၄ ရက် ညအိပ်ခဲ့ကြပြီး​တော့ နောက်နေ့မနက်(ဇန်နဝါရီ ၁၅)မှာကျောင်းတော်အား မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံရဲ့ မြို့ရွာ အများအပြားက ပြည်သူတွေ ဒုက္ခကြုံနေရတာကို နီးနီးကပ်ကပ် ထိတွေ့ စာနာ ခံစားမိကြောင်း၊ ဒီဒုက္ခတွေ မကြာခင် အဆုံးသတ်သွားပြီး ခွင့်လွှတ်မှု၊ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးတွေ ထုံမွှန်းတဲ့ အချိန်တစ်ခု ရောက်လာဖို့ အလေးအနက်ဆုတောင်းကြောင်းလည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သာ"ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ် တော်သခင်မ' ခရစ္စယာန်ဘုရားရှိခိုးကျောင်း။
ဓါတ်ပုံ-CJ
စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သာ”ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ် တော်သခင်မ’ ခရစ္စယာန်ဘုရားရှိခိုးကျောင်း။ ဓါတ်ပုံ-CJ

ဒီအတောအတွင်း မြန်မာနိုင်ငံက ကာဒီနယ်လ် ချားလ်စ် မောင်ဘို အပါအဝင် ဘာသာရေး ခေါင်းဆောင် တချို့ကလည်း နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။ ငြိမ်းချမ်းစွာ ဝတ်ပြုဆုတောင်းမှုကို အားလုံးအတွက် လိုအပ်တယ်လို့ ချားလ်စ်မောင်ဘိုက ဆိုပါတယ်။

ဒါ​ပေမယ့် ကာဒီနယ်လ် ချားလ်စ် မောင်ဘို ဟာ အာဏာသိမ်းစစ်​ခေါင်း​ဆောင်နဲ့ အလွမ်းသင့်သူဖြစ်တာ​ကြောင့်ပြည်တွင်းမှာ​ဝေဖန်ခံ​နေရပါတယ်။ချားလ်စ်​မောင်ဘိုရဲ့ဇာတိရွာနဲ့​နေအိမ် ကို စစ်​ကောင်စီတပ်​တွေကမီးရှို့ဖျက်ဆီးတဲ့အ​ပေါ် စစ်တပ်ကို တစ်ခွန်းတစ်ပါဒမျှ မ​ပြောရဲသလို ၊ပြီးခဲ့တဲ့ ခရစ်စမတ်​နေ့မှာ အာဏာသိမ်း​ခေါင်း​ဆောင်နဲ့ ​တွေ့​တော့လက်​ဆောင်​ပေးခဲ့​သေးသူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း လူသတ်အကြမ်းဖက်မှု​တွေ​နေစဥ်ကျူးလွန်း​နေတဲ့ စစ်​ကောင်စီတပ်ရဲ့​ခေါင်း​ဆောင်နဲ့ကိတ်မုန့်အတူခွဲခဲ့​သေးတဲ့အတွက် ခရစ်ယာန်ဘာသာဝင်​တွေကြားမှာ ၊ပြည်သူ​တွေကြားမှာ အပြင်းအထန်​ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီ အစိုးရကို ဖယ်ရှား အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်နေသလို နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍအားလုံး ဦးစိုက်ဂျွမ်းပြန် ကျဆင်းစေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရှေးဟောင်း သမိုင်းဝင် ကက်သလစ် ဘုရားကျောင်းကြီးတစ်​ကျောင်း မီးရှို့ ဖျက်ဆီးခဲ့ရတဲ့ ဖြစ်စဉ်အပြီး မှာ ပုပ်ရဟန်းမင်းကြီးက အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ်တွေ အမြန်ဆုံး ရပ်တန့်ဖို့ပါ တိုက်တွန်းသွားခဲ့ပါတယ်။ ဒါ​ပေမယ့် ​နေစဥ့်ပြည်သူ​တွေအ​ပေါ် အကြမ်းဖက်​နေတဲ့ စစ်​ကောင်စီကိုထည့်သွင်း​ဝေဖန်သွားတာ​တော့မရှိပါဘူး။

မြန်မာ၊ ပီရူးနဲ့ ယူကရိန်း နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ရန်လိုမှုတွေနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးက ရှုတ်ချသွားခဲ့ပါတယ်။

ပြီးတော့ ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်း နိုင်ငံနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဆူပူမှုတွေ ဖြစ်ပေါ်နေတဲ့ ပီရူးနိုင်ငံတွေနဲ့ ပတ်သက်လို့လည်း ဇန်နဝါရီ ၂၂ ရက်က စိန့်ပီတာရင်ပြင်၊ ဝတ်ပြုစုဝေးမှု အခမ်းအနားမှာ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွတ်အခေါင် ပုဂ္ဂိုလ်ကြီးက အလေးအနက် မှတ်ချက်စကားတချို့ ပြောခဲ့ပါတယ်။

ကိုးကား-Vaticannews

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။