Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့်အတူ ချီတက်လိုက်ပါလာခြင်း၊ လမ်းပြခေါ်ဆောင်လာပေးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရန် PDFဖယ်ခုံ သတိပေး

လက်ရှိ ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံ – မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် PDFများနှင့် စစ်ကောင်စီတပ် တို့သည် အချိန်၊ နေရာကန့်သတ်မှုမရှိဘဲ တိုက်ပွဲများ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည်ဟုလည်း ဆိုသည်။

(PDFဖယ်ခုံမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - PDF Pekhon)
(PDFဖယ်ခုံမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - PDF Pekhon)

စစ်ကောင်စီနှင့်အတူ ချီတက်လိုက်ပါလာခြင်း၊ လမ်းပြခေါ်ဆောင်လာပေးခြင်း အပါအဝင် လက်နက်ခဲယမ်း၊ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းမပြုလုပ်ရန် PDFဖယ်ခုံက ယနေ့ သတိပေးထုတ်ပြန်သည်။

လိုက်နာခြင်းမရှိဘဲ အတူတကွလှုပ်ရှားသွားလာပါက စစ်ကောင်စီကို ပစ်ခတ်ရှင်းလင်းတိုက်ခိုက်ရာတွင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲထိခိုက်မှုများသည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် လုံးဝသက်ဆိုင်မှု မရှိကြောင်း အသိပေးသည်။

လက်ရှိ ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံ – မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် PDFများနှင့် စစ်ကောင်စီတပ် တို့သည် အချိန်၊ နေရာကန့်သတ်မှုမရှိဘဲ တိုက်ပွဲများ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည်ဟုလည်း ဆိုသည်။

ထို့ကြောင့် ရန်သူစစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ခိုက်ရာတွင် နှောက်နှေးစေသော လုပ်ရပ်များ မပြုလုပ်ရန်လည်း PDFဖယ်ခုံက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“ဖယ်ခုံ ဘက်ခြမ်းမှာတော့ စကစလက်ကိုင်တုတ် PNO ပြည်သူ့စစ်အဖွဲ့ရှိတယ်။ရှမ်းတောင်ဘက်မှာ တိုက်ပွဲကလည်း မကြာသေးခင်ကဖြစ်ထားတာဆိုတော့ ရန်၊ငါ သေချာခွဲဖို့ ထုတ်ပြန်လိုက်တာလို့တော့ မြင်တယ်”ဟု ကရင်နီသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယခုလဆန်းပိုင်းက အင်းလေးဒေသတွင် စစ်ကောင်စီ ၊ PNOပူးပေါင်းအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ PDFတပ်ရင်းများအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုပူးပေါင်းအဖွဲ့မှသေဆုံးသူ ၃၀ဦးထက်မနည်းရှိမည်ဟု ကာကွယ်ရေးတပ်များက ခန့်မှန်းသည်။

အလားတူ အလယ်ပိုင်းတိုင်းတပ်ရင်းများအနက် ကျဆုံးဖမ်းဆီးခံခဲ့ရသော ရဲဘော်ငါးဦးထက်မနည်း ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။