Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်

ယမန်နေ့(ဇန်နဝါရီလ၂၃ရက်) နံနက် ၇နာရီခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှ ထွက်ခွာလာသော ခမရ(၁၁)မှ စစ်ကောင်စီတပ့်နှင့် ပျူစောထီး စုစုပေါင်း ၆၅ဦးခန့်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဝက်လက်နယ်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်
ဝက်လက်နယ်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်

စစ်အုပ်စုက ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးသွားသည်။

ယမန်နေ့(ဇန်နဝါရီလ၂၃ရက်) နံနက် ၇နာရီခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှ ထွက်ခွာလာသော ခမရ(၁၁)မှ စစ်ကောင်စီတပ့်နှင့် ပျူစောထီး စုစုပေါင်း ၆၅ဦးခန့်နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းမှ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားပြီး ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း GZ Specail Task Forceက အသိပေးသည်။

စစ်ကောင်စီစစ်ကြောင်းမှာ အထိနာသွားသဖြင့် ဝက်လက်မြို့အတွင်းသို့ မွန်းလွဲ ၁နာရီခွဲခန့်တွင် ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ GZ Specail Task Forceအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို GZ Specail Task Forceပင်မအဖွဲ့နှင့်တပ်ခွဲများဖြစ်သော တပ်ခွဲ(၁) ဘွားကြီးတပ်ခွဲဲ၊တပ်ခွဲ(၂)Scorpion Kingတပ်ခွဲ၊မြို့​​ပြတပ်ခွဲ MDFတပ်ဖွဲ့နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် မကျီးတုံကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၀၀ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းဒေသခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီလ ၂၄ ရက်)တွင်လည်း စစ်ကောင်စီတပ်သည် ပင်းဇင်းကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။