Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းတွင် PDFများအား ဓာတ်ပုံနှင့်တကွလိုက်ရှာနေသည့် ပျူခေါင်းဆောင် အုပ်ကြီး သားအဖ အသတ်ခံရ

ဝမ်းတွင်းမြို့နယ်၊ ညောင်တိုအုပ်စု (၇)ရွာအုပ်ကြီးပြည်အေးဆိုနှင့် သူ၏သား စိုင်းမြင့်အောင်ပြေ (ခ)ပုလုံးတို့ကို ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်) ည ၈ နာရီခန့်က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း WTRF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အသတ်ခံရသော အုပ်ချုပ်ရေးမှူးနှင့်သားဖြစ်သူအား တွေ့ရစဉ်၊ ဓာတ်ပုံ-WTRF
အသတ်ခံရသော အုပ်ချုပ်ရေးမှူးနှင့်သားဖြစ်သူအား တွေ့ရစဉ်၊ ဓာတ်ပုံ-WTRF

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် PDFများအား ဓာတ်ပုံနှင့်တကွ လိုက်ရှာနေသည့် ကျေးရွာ (၇)ရွာ အုပ်ချုပ်ရေးမှူး သားအဖအား ရှင်းလင်းခဲ့ကြောင်း WTRF (Wundwin Township Revolution Force)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဝမ်းတွင်းမြို့နယ်၊ ညောင်တိုအုပ်စု (၇)ရွာအုပ်ကြီးပြည်အေးဆိုနှင့် သူ၏သား စိုင်းမြင့်အောင်ပြေ (ခ)ပုလုံးတို့ကို ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်) ည ၈ နာရီခန့်က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း WTRF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ သားအဖနှစ်ယောက်သည် ပျူစောထီးအဖွဲ့ဝင်များလည်းဖြစ်ပြီး ဖခင်ဖြစ်သူ အုပ်ချုပ် ရေးမှူး ပြည်အေးသည် မြို့နယ်အတွင်း အကြီးစားပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ကျေးရွာနေပြည်သူများအပေါ် ဗိုလ်ကျအနိုင်ကျင့်နေသူဖြစ်ကြောင်း ၎င်းက ပြောသည်။

အသတ်ခံရသော အုပ်ချုပ်ရေးမှူးနှင့်သားဖြစ်သူအား တွေ့ရစဉ်၊ ဓာတ်ပုံ-WTRF
အသတ်ခံရသော အုပ်ချုပ်ရေးမှူးနှင့်သားဖြစ်သူအား တွေ့ရစဉ်၊ ဓာတ်ပုံ-WTRF

ထို့အပြင် မြို့နယ်အတွင်း PDFများကို ဓာတ်ပုံနှင့် တကွ လိုက်ရှာနေကြောင်း၊ ခင်ကြီးရွာ၊ကျင်းရွာ၊တဲစုရွာ၊သဲတောလေးရွာနှင့် သခွတ်မြင့်ကျေးရွာတို့မှ ပြည်သူများကို ပုံပါPDFများ ကျေးရွာများအတွင်းအဝင်မခံရန် လော်စပီကာဖြင့် (၇) ရွာလှည့်၍ သတိပေးနေသူဖြစ်ကြောင်း WTRF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူ့ဆီမှာ ရဲဘော်တွေရဲ့အချက်အလက်(ဓာတ်ပုံ) တွေရှိနေပြီး အဲ့ပုံတွေကို ရွာကလူတွေကို လိုက်ပြပြီး ရွာထဲလာရင်အဝင်မခံဖို့ ၊ လာခဲ့ရင်သူတို့ကိုအကြောင်းကြားဖို့လှည့်ပြောနေတာ။ ညကပစ်ခဲ့တာက သေနက်အတိုပါ။ သူ့အိမ်မှာဝင်ရှင်းခဲ့တာ။ နှစ်ယောက်လုံးသေတယ်။ အဲ့လူက (၇)ရွာ အုပ်ချုပ်ရေးမှူးဆိုတော့ သူတို့ပျူစောထီးအဖွဲ့ထဲမှာ ခေါင်းဆောင်ကြီးတစ်ယောက်ဗျ။ စစ်တပ်နဲ့ပတ်သက်ပြီးလည်း သူကနေရာ တော်တော်ရောက်တယ်။”ဟု ၎င်းက ပြောသည်။

ယနေ့မှစ၍ ဝမ်းတွင်းမြို့နယ်အတွင်း ပြည်သူကိုကိုယ်စားမပြုသည့် အုပ်ချုပ်ရေးမှူးများအားလည်းကောင်း၊ တော်လှန်ရေးသမားများကို ဖမ်းမိရန် နည်းအမျိုးမျိုးဖြင့် စစ်ကောင်စီအား ကူညီပူးပေါင်းပါဝင်နေသူများကိုလည်းကောင်း ရှင်းလင်းမည်ဖြစ်ကြောင်း WTRF အဖွဲ့က သတိပေးပြောကြားသည်။

“အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ဖို့အချိန်တန်ပြီလို့ ကျွန်တော်တို့ WTRFက အသိပေးပါရစေ။အနှေးနှင့်အမြန် ရောက်လာမှာပါ။ ဘာမှမဖြစ်ပါဘူးလို့ထင်ပြီး ဆက်ပြီးရူးမိုက်နေမယ်ဆိုရင်တော့ ဆက်လုပ်ပါ။ ကျေးရွာတိုင်းက အုပ်ချုပ်ရေးမှူးများ၏အချက်အလက် အားလုံးရှိနေပြီးသားပါ။ အားလုံးထွက်ပေးကြဖို့ ပထမဆုံးနဲနောက်ဆုံးအသိပေးပါရစေ။”ဟု WTRFက ထပ်မံသတိပေးသည်။

WTRFအဖွဲ့သည် ဒီဇင်ဘာ၁၀ရက်ကလည်း သဲတောလေး အုပ်ချုပ်ရေးမှူးမောင်ရှိန်အား ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့