Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမြို့လယ်မီးပွိုင့်တွင် ရဲအုပ်တစ်ဦးအား​​သေနတ်ဖြင့် ပစ်သတ်ခံရ

Voice Of Wundwin အဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း”မြို့လယ်ခေါင် ထမင်းဆိုင်နားမှာ သူ့ကိုလိုက်ထောက်နေတဲ့သူက တွေ့တာနဲ့ဆော်လိုက်တာ။ သူက အရပ်ဝတ်နဲ့ပဲနေတာ။ ပုံဖျက်ထားတာ။”ဟုပြောသည်။

(​သေဆုံးခဲ့သော ရဲအုပ်သိန်း​ဇော်မိုးဆိုသူအား တွေ့ရစဥ်။ဓာတ်ပုံ-WTRF)
(​သေဆုံးခဲ့သော ရဲအုပ်သိန်း​ဇော်မိုးဆိုသူအား တွေ့ရစဥ်။ဓာတ်ပုံ-WTRF)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့လယ် မီးပွိုင့်တွင် စစ်​ကောင်စီ၏ ရဲတပ်ဖွဲ့မှ ရဲအုပ်သိန်းဇော်မိုးဆိုသူအား ​သေနတ်ဖြင့် နှစ်ချက်ပစ်ရာ ​ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Wundwin Township Revolution Force-WTRF အဖွဲ့မှတာဝန်ခံက​ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်နေ့)ညနေ ၅ နာရီခွဲခန့်ကဝမ်းတွင်းမြို့လယ် မီးပွိုင့်တွင် အမှတ်(၂)အုပ်ချုပ်ရေးမှူးရုံးနှင့်အတူရှိနေသည့် အထူးသတင်းနှင့်စုံစမ်းရေးအဖွဲ့က ရဲအုပ်သိန်းဇော်မိုးအား ခေါင်းကို ကျည် ၂ တောင့်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Wundwin Township Revolution Force-WTRF အဖွဲ့က အသိပေးသည်။

“ပွဲချင်းပြီးသေတာပါ။ ခေါင်းကို၂ချက်ပစ်ခဲ့တာ။ သေချာကြည့်ပြီးမှပြန်ခဲ့တာ။ မိတ္ထီလာတော့သယ်သွားတာပဲ။ သိန်းဇော်မိုးကိုပစ်ခတ်ပြီးနောက် မြို့ပတ်ပတ်လည်ကအကုန်ပိတ်ပြီးစောင့်နေတာ။ အခင်းနေရာကိုကားတစ်စီးပဲသွားတာ။ အဲ့အချိန်ကနေ တစ်ညလုံးကိုရှာတာ ခုမနက်ထိပဲနေရာအနှံ့ပဲ။”ဟုအဖွဲ့တာဝန်ခံက ပြောသည်။

Voice Of Wundwin အဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း”မြို့လယ်ခေါင် ထမင်းဆိုင်နားမှာ သူ့ကိုလိုက်ထောက်နေတဲ့သူက တွေ့တာနဲ့ဆော်လိုက်တာ။ သူက အရပ်ဝတ်နဲ့ပဲနေတာ။ ပုံဖျက်ထားတာ။”ဟုပြောသည်။

Public Service Announcement

Public Service Announcement

ထိုရဲသည် မူးယစ်ဆေး၊ လောင်းကစားများနှင့်ပတ်သက်၍ ဆက်ကြေးကောက်ခံနေပြီး သူလျှို ဒလန်မွေးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း၊ ပြည်သူများအန္တရာယ်ရှိလာနိုင်၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း WTRF တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ် သောင်းကျန်းနိုင်၍ ပြည်သူများ ဂရုတစိုက်သွားလာကြရန် WTRF အဖွဲ့က မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ကိုထီလာနှင့် သုံးဒေါင့်အိုင်ကျေးရွာ ရွာခွဲတာဝန်ခံ ကိုမဲလေးတို့အား Wundwin Township Revolution Force (WTRF) အဖွဲ့က ပင်းတလဲရဲစခန်း မြောက်ဘက် ညောင်ပင်ကုန်းကျေးရွာအနီးတွင် သုတ်သင်ရှင်းလင်းခဲ့သည်။

ထိုသို့ရှင်းလင်းခဲ့ပြီးနောက် ယမန်နေ့ကပင် စစ်ကောင်စီတပ်က ဝမ်းတွင်းနယ်အရှေ့ပိုင်းရှိကျေးရွာများအားစစ်ကြောင်းထိုးပြီး ပြည်သူ၁၅ ဦးခန့် ဖမ်းဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။