Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင်​ဆောက်မည့် ဒေါ်လာ ၂ဘီလီယံတန်ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ထိုင်းPTTEPကုမ္ပဏီရပ်ဆိုင်း

M3 လုပ်ကွက်တွင်ထိုင်းကုမ္ပဏီက ရှယ်ယာ ၈၀ရာခိုင်နှုန်းနှင့် ဂျပန်ကုမ္ပဏီ Mitsui Oil Exploration ကုမ္ပဏီက ရှယ်ယာ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

(ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP ၏ ထိုင်းနိုင်ငံရှိ စက်သုံးဆီဆိုင်တစ်ဆိုင်။ ။ဓါတ်ပုံ-Bloomberg)
(ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP ၏ ထိုင်းနိုင်ငံရှိ စက်သုံးဆီဆိုင်တစ်ဆိုင်။ ။ဓါတ်ပုံ-Bloomberg)

စစ်ကောင်စီကို နိုင်ငံခြားငွေရှာဖွေပေးနေသည့်ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ရန်ကုန်မြို့တွင် တည်ဆောက်မည့် ဒေါ်လာ ၂ ဘီလီယံတန် ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၎င်းကုမ္ပဏီထုတ်ဖော်ပြောကြားလာကြောင်း ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြသည်။

ရန်ကုန်မြို့ အနောက်တောင်ဘက်အစွန်တွင်တည်ဆောက်ရန်စီစဥ်ထား​သော မဂ္ဂါဝပ် ၆၀၀နှင့် ဓါတ်အားလိုင်းများပါဝင်သည့် အဆိုပါစီမံကိန်းကို ထိုင်းကုမ္ပဏီက ၂၀၂၀ခုနှစ် ဒီဇင်ဘာလတွင် အရပ်သားအစိုးရလက်ထက်၌လုပ်ကိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းသည် မုတ္တမပင်လယ်ကွေ့ရှိ ကမ်းလွန်လုပ်ကွက် M-3ရှိ အောင်သိင်္ခဓာတ်ငွေ့စီမံကိန်းမှထွက်ရှိသည့် ဓါတ်​ငွေ့များဖြင့် မြန်မာနိုင်ငံတွင်းလျှပ်စစ်မီးထုတ်လုပ်ရောင်းချရန် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

M3 လုပ်ကွက်တွင်ထိုင်းကုမ္ပဏီက ရှယ်ယာ ၈၀ရာခိုင်နှုန်းနှင့် ဂျပန်ကုမ္ပဏီ Mitsui Oil Exploration ကုမ္ပဏီက ရှယ်ယာ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက်အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာကိုသတ်ဖြတ်၍ ​​သောင်းနှင့်ချီ​သောပြည်သူများ၊နိုင်ငံ​ရေးသမားများကိုမတရားဖမ်းဆီးကာ၊နိုင်ငံတစ်ဝန်း​နေအိမ်​ပေါင်း​သောင်းချီမီးရှို့ဖျက်ဆီးခဲ့​သော စစ်အုပ်စုကို အနောက်နိုင်ငံများပစ်မှတ်ထားအရေးယူမှုများဆောင်ရွက်နေသော်လည်း ထိုင်းကုမ္ပဏီက စစ်အုပ်စုနှင့်လက်တွဲ၍ ဓါတ်ငွေ့ထုတ်လုပ်မှုများကိုမူ ဆက်လက်ဆောင်ရွက်မည်ဟု ကုမ္ပဏီကဆိုထားသည်။

မြန်မာနိုင်ငံမှဓါတ်​ငွေထုတ်လုပ်မှုထက်ဝက်ဖြင့်ထိုင်းနိုင်ငံ၏လျှပ်စစ်အသုံးပြုမှု ၏ ၂၀ ရာခိုင်နှုန်းကို​ဖြေရှင်း​နေပြီး မြန်မာတွင် ဓါတ်​ငွေ့ဆက်လက် ထုတ်လုပ်နေမှုမှာမြန်မာပြည်သူကိုမထိခိုက်နိုင်ဟု PTTEP အမှုဆောင်အရာရှိချုပ် Montri Rawanchaikul ကဆိုသည်။

ဥရောပသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်ကောင်စီလက်အောက်ခံ MOGEနှင့် လက်တွဲဆောင်ရွက်နေသည့် ထိုင်းPTTEPကုမ္ပဏီတွင် ငွေသားရင်းနှီးမြှပ်နှံထားသည့် နော်ဝေးအစိုးရပိုင် Norfund က ရင်းနှီးမြှပ်နှံမှုများကိုမကြာခင်က ရပ်ဆိုင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။