Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နှင့်ပေါက်နယ်စပ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကောင်စီ၏ ရိက္ခါတင်ယာဥ်တန်းသည် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ကိုင်းတောမရဲစခန်းမှ Well2 ရေနံမြေစခန်းသို့ ရိက္ခာပို့ ထွက်လာပြီးနောက် Well 2 မှတဆင့်ဆက်ထွက်လာရာ ဆက်တိုက်တိုက်ခံနေရသည်။

မြိုင်နှင့်ပေါက်နယ်စပ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
မြိုင်နှင့်ပေါက်နယ်စပ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ရိက္ခာတင်ယာဥ်များအား မိုင်းနှင့် ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလယျာ်က ပြောကြား သည်။

ယနေ့ (ဇန်နဝါရီ၂၈ရက်)နံနက် ၅ နာရီကျော်ကစပြီး ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကံသစ်ကျေးရွာရှိ စစ်ကောင်စီစစ်ကြောင်းအား မြိုင်(ပကဖ) ရင်း (၁)နှင့် ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ ဒရုန်းဖြင့် အီနာဂါဗုံးသီး၁၈လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ကိုလယျာ်က ပြောသည်။

အဆိုပါစစ်ကောင်စီတပ်သည် နံနက် ၇ နာရီ မိနစ် ၅၀ခန့်တွင် ကံသစ်ကျေးရွာမှ ထွက်ခွာရာ ဘူတာအနီးရှိတဲအား မီးရှို့သွားခဲ့ပြီးနောက် မိုင်းပွိုင့် နှစ်ပွိုင့်၊ မိုင်း ၁၁လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း ကိုလယျာ်က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့နောက် Faw ကား လေးစီးဖြင့် ဖြေးဖြေးချင်း ရွေ့လျားလာပြီး အဆိုပါ စစ်ကောင်စီယာဥ်တန်းကို ဖလံကိုင်းစခန်းမှ စစ်ကောင်စီတပ်နှင့်ပျူ ၂၀ ကျော်က လာရောက်ကြိုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ကျောက်တိုင်ခင်ကျေးရွာလမ်းခွဲအနီး ဇရပ်တွင် စောင့်ဆိုင်းနေသော စစ်သားနှင့်ရဲများအား ဒရုန်းဖြင့် အီနာဂါဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ညနေ ၄ နာရီခန့်တွင် ဖလံကိုင်းကျေးရွာ ဘုန်းကြီးကျောင်း၌ စခန်းချနေကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

စစ်ကောင်စီ၏ ရိက္ခါတင်ယာဥ်တန်းသည် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ကိုင်းတောမရဲစခန်းမှ Well2 ရေနံမြေစခန်းသို့ ရိက္ခာပို့ ထွက်လာပြီးနောက် Well 2 မှတဆင့်ဆက်ထွက်လာရာ ဆက်တိုက်တိုက်ခံနေရသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။