Connect with us

Hi, what are you looking for?

သတင်း

မြိုင်နှင့်ပေါက်နယ်စပ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကောင်စီ၏ ရိက္ခါတင်ယာဥ်တန်းသည် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ကိုင်းတောမရဲစခန်းမှ Well2 ရေနံမြေစခန်းသို့ ရိက္ခာပို့ ထွက်လာပြီးနောက် Well 2 မှတဆင့်ဆက်ထွက်လာရာ ဆက်တိုက်တိုက်ခံနေရသည်။

မြိုင်နှင့်ပေါက်နယ်စပ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
မြိုင်နှင့်ပေါက်နယ်စပ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ရိက္ခာတင်ယာဥ်များအား မိုင်းနှင့် ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလယျာ်က ပြောကြား သည်။

ယနေ့ (ဇန်နဝါရီ၂၈ရက်)နံနက် ၅ နာရီကျော်ကစပြီး ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကံသစ်ကျေးရွာရှိ စစ်ကောင်စီစစ်ကြောင်းအား မြိုင်(ပကဖ) ရင်း (၁)နှင့် ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ ဒရုန်းဖြင့် အီနာဂါဗုံးသီး၁၈လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ကိုလယျာ်က ပြောသည်။

အဆိုပါစစ်ကောင်စီတပ်သည် နံနက် ၇ နာရီ မိနစ် ၅၀ခန့်တွင် ကံသစ်ကျေးရွာမှ ထွက်ခွာရာ ဘူတာအနီးရှိတဲအား မီးရှို့သွားခဲ့ပြီးနောက် မိုင်းပွိုင့် နှစ်ပွိုင့်၊ မိုင်း ၁၁လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း ကိုလယျာ်က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့နောက် Faw ကား လေးစီးဖြင့် ဖြေးဖြေးချင်း ရွေ့လျားလာပြီး အဆိုပါ စစ်ကောင်စီယာဥ်တန်းကို ဖလံကိုင်းစခန်းမှ စစ်ကောင်စီတပ်နှင့်ပျူ ၂၀ ကျော်က လာရောက်ကြိုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ကျောက်တိုင်ခင်ကျေးရွာလမ်းခွဲအနီး ဇရပ်တွင် စောင့်ဆိုင်းနေသော စစ်သားနှင့်ရဲများအား ဒရုန်းဖြင့် အီနာဂါဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ညနေ ၄ နာရီခန့်တွင် ဖလံကိုင်းကျေးရွာ ဘုန်းကြီးကျောင်း၌ စခန်းချနေကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

စစ်ကောင်စီ၏ ရိက္ခါတင်ယာဥ်တန်းသည် ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ကိုင်းတောမရဲစခန်းမှ Well2 ရေနံမြေစခန်းသို့ ရိက္ခာပို့ ထွက်လာပြီးနောက် Well 2 မှတဆင့်ဆက်ထွက်လာရာ ဆက်တိုက်တိုက်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။