Connect with us

Hi, what are you looking for?

သတင်း

KRU၏ အထူးစစ်ရေးဗျူဟာနှင့် အရည်အသွေးမြင့်စွမ်းဆောင်ရည် သင်တန်းဆင်းပွဲ

ကယား ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)၏ အပတ်စဉ် (D) အထူးမွမ်းမံသင်တန်းကို ဇန်နဝါရီ ၂၃ ရက်က သင်တန်းဆင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

KRU ၏ အပတ်စဉ် (D)အထူးမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KRU
KRU ၏ အပတ်စဉ် (D)အထူးမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KRU

အထူးစစ်ရေးဗျူဟာနှင့် အရည်အသွေးမြင့်စွမ်းဆောင်ရည် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က ယနေ့ ထုတ်ပြန်သည်။

ကယား ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)၏ အပတ်စဉ် (D) အထူးမွမ်းမံသင်တန်းကို ဇန်နဝါရီ ၂၃ ရက်က သင်တန်းဆင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

KRU ၏ အပတ်စဉ် (D)အထူးမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KRU
KRU ၏ အပတ်စဉ် (D)အထူးမွမ်းမံသင်တန်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – KRU

အပတ်စဉ် (D) မွမ်းမံသင်တန်း၏ ရည်ရွယ်ချက်မှာ ရဲဘော်များ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရန်၊စစ်ဗျုဟာ ကျကျတိုက်ပွဲဝင်ရန်နှင့် စည်းလုံးညီညွတ်မူရှိစေရန် ‌ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဟု KRUက ဆိုသည်။

“သင်တန်းသားရဲဘော် တစ်ရာလောက်ရှိတယ်။အရင်နှစ်တုန်းကလည်း အခုလို မွမ်းမံသင်တန်းမျိုးပြုလုပ်ခဲ့တာရှိပေမယ့် အခုအခြေအနေအရ စစ်ရေးဗျူဟာက ပိုအရေးကြီးလာလို့လည်း သေသေချာချာပြင်ဆင်နေတယ်”ဟု KRUတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့ကိုအခြေပြု၍ စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေသည့် KRUကို ၂၀၂၂ ဧပြီက စတင်ဖွဲ့စည်းခဲ့ပြီး KDF ၊ JPDF ၊ GZ-21 loikaw ၊ Medic unit နှင့် SSPDF စသည့်အဖွဲ့များ ပါဝင်သည်။

စစ်အာ‌ဏာရှင်စနစ်အား ပိုမိုထိရောက်သောလုပ်ဆောင်ချက်များဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း KRUက ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်တွေကိုစစ်ရေးအရဖိအားပေးတိုက်ခိုက်မှု အပါအဝင် စစ်ရေးနဲ့နိုင်ငံရေး ယှဉ်တွဲပြီး နိုင်ငံ တည်ဆောက်မယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အတွင်း​ရေးမှူးအဖွဲ့ဝင်​တွေက ပြောကြားလိုက်ပြီး ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်တွေ တိုးလာရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှစ်ခုနဲ့ လုပ်ဆောင်မယ်လို့အသိပေးပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်(၆)ရဲ့ အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ KNDFက ဒီဇင်ဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

AAကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းဒေသ၌ အခြေခံစစ်သင်တန်း၊ အရာရှိသင်တန်းများ ပေးခဲ့ခြင်းဖြစ်သည်။

သတင်း

ဇွန်လနှင့် ဇူလိုင်လဒုတိယပါတ်အထိရှမ်း-ကရင်နီဒေသကြားရှိ ဖယ်ခုံ မြို့ ခေါင်းအိ၊စက်တော် ၌ တပ်စွဲထားသော ခလရ -၂၄၈ တပ်ကို တိုက်ခိုက်နေခြင်းဟုသိရသည်။