Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အရာတော်နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
အရာတော်နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာနှင့် စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒရုန်းဖြင့် တပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်း Ngwe Dwin Revoultion Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သလဲဘာရွာရှိ မူးမြစ်တံတား ဂိတ်‌စောင့် စစ်ကောင်စီတပ်သည် ထမင်းစားပြီးနားချိန်တွင် သစ်ပင် အောက်၌ လူစုလေ့ရှိပြီး အနီးရှိ စပါးတွင်းကျေးရွာမှ ပျူစခန်းကိုပါ တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Ngwe Dwin Revoultion Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ ထမင်းစားနားပြီးချိန်လောက်သွားချတာ။ ရွာနှစ် ရွာက နီးတယ်။ နှစ်ရွာလုံး ပျူရွာတွေပဲ။ တပြိုင် တည်း မိနှစ်ပိုင်း အနည်းငယ်ပဲခြားမယ်။အနည်းဆုံးသုံးယောက်ပဲ။ စုနေတဲ့အချိန် သေချာရွေးချတာပါ” ဟု Ngwe Dwin Revoultion Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း (၂၁) တပ်ခွဲ (၂) NDRF ၊ MRTF I BEXတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

သလဲဘာရွာနှင့် စပါးတွင်းကျေးရွာသည် စစ်ကောင်စီတပ်၏ လက်နက်တပ်ဆင်ပေးထားသော ပျူရွာနှစ်ရွာဖြစ်ပြီး စစ်အုပ်စုနှင်ပေါင်းကာ အရာတော်နယ်အတွင်းကျေးရွာများအား ဖျက်ဆီးမှုများပြုလုပ်နေသည်။

You May Also Like

သတင်း

RPGအပါအဝင် လက်နက်ငယ်များဖြင့် ချိန်ပြီး စစ်ကောင်စီရဲများ နေရာယူထားသည့် ဂိတ်သို့ လမ်းလျှောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ရဲများရှိသည့်နေရာသို့ မေးမြန်းဝင်ရောက်ရာ ဂိတ်ရှိ ရဲများက ခုခံပစ်ခတ်ခြင်းမပြုဘဲ အသာတကြည်ပင် ကော်ဘရာစစ်သည်များထံ လက်နက်အပ်နှံခဲ့သည်။

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။