Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အရာတော်နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
အရာတော်နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာနှင့် စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒရုန်းဖြင့် တပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်း Ngwe Dwin Revoultion Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သလဲဘာရွာရှိ မူးမြစ်တံတား ဂိတ်‌စောင့် စစ်ကောင်စီတပ်သည် ထမင်းစားပြီးနားချိန်တွင် သစ်ပင် အောက်၌ လူစုလေ့ရှိပြီး အနီးရှိ စပါးတွင်းကျေးရွာမှ ပျူစခန်းကိုပါ တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Ngwe Dwin Revoultion Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ထမင်းစားနားပြီးချိန်လောက်သွားချတာ။ ရွာနှစ် ရွာက နီးတယ်။ နှစ်ရွာလုံး ပျူရွာတွေပဲ။ တပြိုင် တည်း မိနှစ်ပိုင်း အနည်းငယ်ပဲခြားမယ်။အနည်းဆုံးသုံးယောက်ပဲ။ စုနေတဲ့အချိန် သေချာရွေးချတာပါ”ဟု Ngwe Dwin Revoultion Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း (၂၁) တပ်ခွဲ (၂) NDRF ၊ MRTF I BEXတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

သလဲဘာရွာနှင့် စပါးတွင်းကျေးရွာသည် စစ်ကောင်စီတပ်၏ လက်နက်တပ်ဆင်ပေးထားသော ပျူရွာနှစ်ရွာဖြစ်ပြီး စစ်အုပ်စုနှင်ပေါင်းကာ အရာတော်နယ်အတွင်းကျေးရွာများအား ဖျက်ဆီးမှုများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။