Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့နယ်တွင် မီးရှို့ခံရသည့် ကျေးရွာများ အကူအညီလိုအပ်နေ

ဇန်နဝါရီ ၂၃ ရက်နှင့်၂၅ ရက်က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ယင်းမာပင်မြို့နယ်ရှိ အင်းဘက်၊ကြက်လျှာ၊ကျောက်ကုန်း၊နှောပင်၊ကျွန်းပေါ်၊နှုန်းတန်း၊ကျောက်မှော်၊ ထန်းတောကြီး၊ စည်လှောင်ချောင်းနှင့် မြရိပ်ကျေးရွာတို့အား ဆက်လက်မီးရှို့ဖျက်ဆီးသွားခဲ့သည်။

မြရိပ်ကျေးရွာအား လှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Black Vote
မြရိပ်ကျေးရွာအား လှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Black Vote

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နေအိမ်များမီးရှို့ခံရသည့် ကျေးရွာ ၁၀ရွာထက်မနည်းရှိပြီး အဆိုပါ ကျေးရွာများမှာ နေထိုင်စားသောက်ရေး အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၂၃ ရက်နှင့်၂၅ ရက်က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ယင်းမာပင်မြို့နယ်ရှိ အင်းဘက်၊ကြက်လျှာ၊ကျောက်ကုန်း၊နှောပင်၊ကျွန်းပေါ်၊နှုန်းတန်း၊ကျောက်မှော်၊ ထန်းတောကြီး၊ စည်လှောင်ချောင်းနှင့် မြရိပ်ကျေးရွာတို့အား ဆက်လက်မီးရှို့ဖျက်ဆီးသွားခဲ့သည်။

အဆိုပါ ကျေးရွာများရှိ ပြည်သူများသည် လက်တလောစားသောက်နေထိုင်ရေး အခက်အခဲများရှိနေကြောင်း ဒေသခံများက ပြောသည်။

မြရိပ်ကျေးရွာအား လှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Black Vote
မြရိပ်ကျေးရွာအား လှူဒါန်းနေစဥ်၊ ဓာတ်ပုံ-Black Vote

မြရိပ်ကျေးရွာတွင် နေအိမ်ပေါင်း ၈၀ မီးရှို့ဖျက် ဆီးခံခဲ့ရပြီး ကျေးရွာရှိပြည်သူများအား Blackညီနောင်တပ်ပေါင်းစုနှင့် ထောက်ပို့မိသားစုအလှုရှင်များစုပေါင်း၍ တစ်အိမ်ထောင်စုလျှင်ဆန်(၄)ပြည်၊ဆား၊ဆီ၊ငါးခြောက် ဟင်းသီးဟင်းရွက်နှင့်စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းပေးထားကြောင်း၊ သို့သော် လုံလောက်မှုမရှိသေး၍ ပြည်တွင်းပြည်အလှူရှင်များလည်း ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံကြောင်း Black Vote Fighterအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“လက်တလောအခြေအနေမှာ အခက်အခဲတွေရှိနေပါတယ်။ စားနပ်ရိက္ခာနေထိုင်ဖို့တော်တော် လေးကိုအခက်ခဲတွေရှိနေပါတယ်။ ပြည်တွင်း၊ပြည်ပအလှုူရှင်များ ကူညီပံ့ဖိုးပေးမေတ္တာရပ်ခံအပ်ပါတယ်။ Black Vote fighter pageမှာဆက်သွယ်လှုူဒါန်းနိုင်ပါတယ်”ဟု Black Vote Fighterအဖွဲ့က ပြောသည်။

ထို့အပြင် ဆေးဝါးနှင့်ရိက္ခာအကူအညီများ၊မီးလောင် ဆုံးရှုံးသွားသော နေအိမ်ရှိပြည်သူများအတွက် အဝတ်အထည်နှင့်ထောက်ပံ့ကူညီမှုများလိုအပ်လျက်ရှိကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် တစ်ပတ်အတွင်း ပြည်သူနှစ်ဦးထက်မနည်း သတ်ဖြတ်ခဲ့ပြီး တောကြီးကျေးရွာအနီးရှိ PDF စခန်းငယ် ငါးခုကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။