Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း ဟုမ္မလင်းနယ်ထဲက ရွှေပြည်အေးမြို့ကို PDF တွေထိန်းချုပ်လိုက်ပြီလို့ဆို

ဟုမ္မလင်းမြို့ဟာ မြေပြင်အနေအထားအရ မြို့ရဲ့အရှေ့ဘက်မှာ ကချင်ပြည်နယ် ဖားကန့် ၊မိုးညှင်း ၊အနောက်ဘက်မှာ ချင်းပြည်နယ် တမူးမြို့တို့နဲ့ထိစပ်နေတဲ့ မြို့ဖြစ်ပါတယ်။

ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်
ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို PDF တပ်တွေ ဖေဖော်ဝါရီလ ၁ ရက်က သိမ်းပိုက်လိုက်ပြီလို့ ဟုမ္မလင်း PDF က ဒီနေ့မနက်ပိုင်းမှာ အသိပေးလိုက်ပါတယ်။

ရွှေပြည်အေးမြို့ကို PDF တွေနဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ပြီးမြို့ကို သိမ်းလိုက်တာလို့ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေပြည်အေးမြို့မှာ တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီး မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လာပစ်တာရှိတယ်လို့ ဒေသခံတစ်ဦးဆီကသိရပါတယ်။

“အခုမနက်ကတော့ အေးဆေးပါပဲ၊ မြို့ကိုသိမ်းလိုက်ပြီဆိုတော့ စစ်တပ်က လေယာဉ်နဲ့လာပစ်မှာစိုးရိမ်တဲ့အတွက် တချို့တွေ ရှောင်တိမ်းတာတွေရှိနေတယ်” လို့ အဲဒီ ရွှေပြည်အေး ဒေသခံက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

PDF နဲ့ပူးပေါင်းတပ်တွေဟာ ရွှေပြည်အေးမြို့သစ်က ဆေးရုံ ၊ထွေအုပ် နဲ့ ဌာနဆိုင်ရာရုံးတွေကို ထိန်းချုပ်ထားလိုက်ပြီး မြို့မရဲစခန်းကိုသာမသိမ်းနိုင်သေးတာလို့ ဒေသခံအချို့ဆီသိရပါတယ်။

မြို့တွင်း တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့ ဒေသခံ ပြည်သူတွေကို ဟုမ္မလင်း PDF က အသိပေး ထားတာတွေ့ရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ဟာ ယခင်စစ်အစိုးရလက်ထက်က မြို့သစ်တည်ပေးခဲ့တာဖြစ်ပြီး အကျယ်အဝန်း ၃.၉၆ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။

၂၀၁၉ ခုနှစ် ထွေအုပ်ရဲ့ စာရင်းတွေအရ ရွှေပြည်အေးမြို့ဟာ လူဦးရေ ၂,၅၀၀ ကျော်နေထိုင်တယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့ဟာ မြေပြင်အနေအထားအရ မြို့ရဲ့အရှေ့ဘက်မှာ ကချင်ပြည်နယ် ဖားကန့် ၊မိုးညှင်း ၊အနောက်ဘက်မှာ ချင်းပြည်နယ် တမူးမြို့တို့နဲ့ထိစပ်နေတဲ့ မြို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ