Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်း ဟုမ္မလင်းနယ်ထဲက ရွှေပြည်အေးမြို့ကို PDF တွေထိန်းချုပ်လိုက်ပြီလို့ဆို

ဟုမ္မလင်းမြို့ဟာ မြေပြင်အနေအထားအရ မြို့ရဲ့အရှေ့ဘက်မှာ ကချင်ပြည်နယ် ဖားကန့် ၊မိုးညှင်း ၊အနောက်ဘက်မှာ ချင်းပြည်နယ် တမူးမြို့တို့နဲ့ထိစပ်နေတဲ့ မြို့ဖြစ်ပါတယ်။

ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်
ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို PDF တပ်တွေ ဖေဖော်ဝါရီလ ၁ ရက်က သိမ်းပိုက်လိုက်ပြီလို့ ဟုမ္မလင်း PDF က ဒီနေ့မနက်ပိုင်းမှာ အသိပေးလိုက်ပါတယ်။

ရွှေပြည်အေးမြို့ကို PDF တွေနဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ပြီးမြို့ကို သိမ်းလိုက်တာလို့ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေပြည်အေးမြို့မှာ တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီး မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လာပစ်တာရှိတယ်လို့ ဒေသခံတစ်ဦးဆီကသိရပါတယ်။

“အခုမနက်ကတော့ အေးဆေးပါပဲ၊ မြို့ကိုသိမ်းလိုက်ပြီဆိုတော့ စစ်တပ်က လေယာဉ်နဲ့လာပစ်မှာစိုးရိမ်တဲ့အတွက် တချို့တွေ ရှောင်တိမ်းတာတွေရှိနေတယ်” လို့ အဲဒီ ရွှေပြည်အေး ဒေသခံက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

PDF နဲ့ပူးပေါင်းတပ်တွေဟာ ရွှေပြည်အေးမြို့သစ်က ဆေးရုံ ၊ထွေအုပ် နဲ့ ဌာနဆိုင်ရာရုံးတွေကို ထိန်းချုပ်ထားလိုက်ပြီး မြို့မရဲစခန်းကိုသာမသိမ်းနိုင်သေးတာလို့ ဒေသခံအချို့ဆီသိရပါတယ်။

မြို့တွင်း တိုက်ပွဲတွေဆက်ပြင်းထန်နိုင်တယ်လို့ ဒေသခံ ပြည်သူတွေကို ဟုမ္မလင်း PDF က အသိပေး ထားတာတွေ့ရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ဟာ ယခင်စစ်အစိုးရလက်ထက်က မြို့သစ်တည်ပေးခဲ့တာဖြစ်ပြီး အကျယ်အဝန်း ၃.၉၆ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။

၂၀၁၉ ခုနှစ် ထွေအုပ်ရဲ့ စာရင်းတွေအရ ရွှေပြည်အေးမြို့ဟာ လူဦးရေ ၂,၅၀၀ ကျော်နေထိုင်တယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့ဟာ မြေပြင်အနေအထားအရ မြို့ရဲ့အရှေ့ဘက်မှာ ကချင်ပြည်နယ် ဖားကန့် ၊မိုးညှင်း ၊အနောက်ဘက်မှာ ချင်းပြည်နယ် တမူးမြို့တို့နဲ့ထိစပ်နေတဲ့ မြို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။