Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမြို့နယ် ဒီချုပ်အမတ် မိသားစုလိုက် စစ်ကောင်စီ ဖမ်းဆီးသွား

“ကိုကျော်ဆွေဝင်းတို့ မိသားစုကို စစ်ကောင်စီက ဖမ်းသွားပြီ။ ကလေးတွေပါ ဖမ်းသွားတာ။ ကလေးတစ်ဦးဆို အသက် ငါးနှစ်ပဲ ရှိသေးတာ”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

(အမတ်ဦးကျော်ဝင်းဆွေအား တွေ့ရစဉ်)
(အမတ်ဦးကျော်ဝင်းဆွေအား တွေ့ရစဉ်)

▪️အသက်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး ပါဝင်

ဟုမ္မလင်းမြို့နယ် ဒီချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုကို စစ်ကောင်စီက ဖမ်းဆီးသွား၍ ၎င်းတို့၏ အသက်အန္တရာယ်အတွက် မြို့ခံများက စိတ်ပူနေသည်။

ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနှင့် ဇနီး၊ သားသမီးသုံးဦးကို စစ်ကောင်စီတပ်က ယမန်နေ့ (အောက်တိုဘာ ၅ရက်)ညတွင် မုံရွာမြို့၌ ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ကိုကျော်ဆွေဝင်းတို့ မိသားစုကို စစ်ကောင်စီက ဖမ်းသွားပြီ။ ကလေးတွေပါ ဖမ်းသွားတာ။ ကလေးတစ်ဦးဆို အသက် ငါးနှစ်ပဲ ရှိသေးတာ”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

ဦးကျော်ဝင်းဆွေသည် အသက် ၃၅နှစ်ခန့်ရှိပြီး ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု၍ ဟုမ္မလင်းမြို့နယ်၊အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ပုဒ်မ – ၅၀၅ ဖြင့် ဝရမ်းထုတ်ထား၍ တိမ်းရှောင်နေစဥ် ယခု ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယမန်နေ့ ည ၉နာရီခန့်က ဖမ်းဆီးခံရပြီး ယနေ့ နံနက် ၉နာရီခန့်အထိ နောက်ဆက်တွဲသတင်းမကြားရသေးကြောင်း မုံရွာမြို့ခံများက ပြောသည်။

“စစ်ကောင်စီကတော့ အရမ်းကာရော စစ်တာ၊ဆေးတာလုပ်နေတာမို့ ကျွန်တော်တို့ မိတ်ဆွေကြီးအတွက် စိတ်ပူပါတယ်။ သတင်းထုတ်ပြန်မှုတွေကို နားစွင့်နေရတယ်”ဟု ဦးကျော်ဝင်းဆွေ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။